Wednesday, October 4, 2017

ကလေးငယ်များအတွက် စက္ကူခေါက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ





မဘိမ်း အောက်တိုဘာ ၎
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်ခရိုင်  မဘိမ်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးလိုစိတ် တိုးလာစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မဘိမ်းမြို့ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတို့ ပူးပေါင်း၍ စက္ကူခေါက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို အောက်တိုဘာ ၄ ရက် နံနက်      နာရီက မဘိမ်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန ကလေး စာဖတ်ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးမင်းက ပြိုင်ပွဲကျင်းပသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ ၂၇ ဦးနှင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို ဆုနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိန်လင်းဦး (ပြန်/ဆက်)

No comments:

Post a Comment