Thursday, September 28, 2017

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် World Bank Group မှ Trade & Competitiveness ၏ Senior Economist , Mr. Sjamsu Rahardja နှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၂၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကမ္ဘာ့ဘဏ်မှ Trade & Competitiveness ၏ Senior Economist, Mr. Sjamsu Rahardja နှင့်အဖွဲ့အားယနေ့ မွန်းလွဲ ၃ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကုန်သွယ်မှုဥပဒေမှာ မရှိမဖြစ်လိုအပ်သည့် ဥပဒေတစ်ခုဖြစ်ကြောင်း၊ ခိုင်မာသော ဥပဒေ ရေးဆွဲထား ရှိသည့်အပြင် ဝန်ကြီးဌာနများနှင့် အခြားဆက်စပ် အဖွဲအစည်းများအကြား ချိတ်ဆက် ဆောင်ရွက်ရာတွင် ဝန်ထမ်းများ ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာရန် လည်းလိုအပ်ကြောင်း၊ လက်ရှိညှိနှိုင်းဆောင်ရွက်ထားသည့် ကုန်သွယ်မှု ဥပဒေအပေါ် ထပ်မံဖြည့်စွက်သင့်သည်များနှင့် မရှင်းလင်းသည့် အချက်များအားလည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၏ ဆောင်ရွက်မှုများ ပိုမိုတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment