Thursday, September 28, 2017

ARSA အစွန်းရောက် အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်း ၄၅ လောင်းအား မီးသင်္ဂြိုဟ်

နေပြည်တော် စက်တင်ဘာ ၂၈
လွန်ခဲ့သည့် တစ်လခန့်က ARSA အစွန်းရောက် အကြမ်းဖက်သမားများ သတ်ဖြတ်ပြီး ရဲဘော်ကျ ကျေးရွာ၏ အနောက်မြောက်ဖက် မီတာ ၁၅၀၀ ခန့်အကွာတွင် မြေကျင်း ၂ ကျင်းအတွင်း၌ မြှုပ်နှံထား သည့် ရုပ်အလောင်း ၂၈ လောင်းနှင့် အရှေ့ဖက် မီတာ၂၀၀ အကွာတွင် မြေကျင်း ၂ ကျင်း၌ မြှုပ်နှံထားသည့် ရုပ်အလောင်း ၁၇ လောင်းတို့ကို  သေဆုံးသွားသည့် ဟိန္ဒူဘာသာဝင်များ၏ ဆွေမျိုးသားချင်း မိသားစုဝင်များ၏ သဘော ဆန္ဒ အလျောက် ယနေ့မွန်းလွဲပိုင်းတွင် ရဲဘော်ကျကျေးရွာ၏ အနောက်ဘက် တောင်ခြေအနီးတွင် ဟိန္ဒူဘာသာ ထုံးတမ်း အစဉ်အလာနှင့်အညီ မီး သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

မီးသင်္ဂြိုဟ်ရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ခမောင်းဆိပ်မြို့နယ်ခွဲမှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း များ၊  သေဆုံးသွားသည့် ဟိန္ဒူဘာသာဝင်များ၏ ဆွေမျိုးသားချင်း မိသားစုဝင် ၇၇ ဦး ၊ မြိုတိုင်းရင်းသား ၄၀  နှင့် ရခိုင်တိုင်းရင်းသား ၃၀ တို့ တက်ရောက်ခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment