Friday, September 22, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အိန္ဒိယနိုင်ငံ International Tractors Limited မှ ကိုယ်စားလှယ်အဖွဲ့ အားတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၂
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ မွန်းလွဲ(၃)နာရီက အိန္ဒိယနိုင်ငံ International Tractors Limited မှ (Sonalika Group of Companies) ဥက္ကဌ Mr.Gaurav Saxens ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးမှု အရှိန်အဟုန်မြှင့် တင်ရေး လုပ်ငန်းများတွင် အိန္ဒိယနိုင်ငံ ဆိုနာလီကာ ကုမ္ပဏီမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများနှင့် အရည် အသွေး မြင့်မားပြီး ဈေးနှုန်းချိုသာသော လယ်ယာသုံးစက်ကိရိယာများကို တောင်သူများ လွယ်ကူအဆင်ပြေစွာ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment