Friday, September 22, 2017

ပြည်ထောင်စုရှေ့နေချုပ်က International Bridges to Justice (IBJ) မှ Country Director , Mr. Jim Taylor အားတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၂၂
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည်International Bridges to Justice (IBJ) မှCountry Director , Mr. Jim Taylor နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ တွင်ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် တရားမျှတမှုကဏ္ဍတိုးတက်ကောင်းမွန်ရေး၊ ပြစ်မှုဆိုင်ရာမှုခင်းများတွင် ဆင်းရဲနွမ်းပါးသည့် စွပ်စွဲခံရ သူများအတွက် ဥပဒေအထောက်အကူများ ပံ့ပိုးပေးနိုင်ရေး၊ ပြည်သူများအား ဥပဒေအသိပညာ ဖြန့်ဖြူးရေး၊ IBJ ၏ တရားမျှတမှုစင်တာများတွင် ဖွင့်လှစ်သောသင်တန်းများသို့ တရားစီရင်ရေးနှင့် စပ်လျဉ်းသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အရာရှိများ ပါဝင်တက်ရောက်နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲများနှင့် တရားမျှတမှုစင်တာ များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment