ရန်ကုန်၊
စက်တင်ဘာ ၂၂
တွေဆုံမေးမြန်း-ဇော်ကြီး၊
မြတ်စန္ဒီ၊ ဓာတ်ပုံ-ရဲထွဋ် (သတင်းစဉ်)
ပြန်ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့်
ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲ (ဗိုလ်လုပွဲစဉ်များ) ကို စက်တင်ဘာ
၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင်
ကျင်းပခဲ့သည်။
အဆိုပါ အငြိမ့်ပြိုင်ပွဲ (ဗိုလ်လုပွဲစဉ်များ)
တွင် အငြိမ့်အဖွဲ့ ရှစ်ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးနေ့ပွဲစဉ်များအပြီးတွင်
ဆုများကိုပေးအပ်ချီးမြှင့်ရာ ပထမဆုကို ``ဇွဲ´´အငြိမ့်အဖွဲ့ကလည်းကောင်း၊ ဒုတိယဆု ကို``ခေတ်သစ်ကြေးမုံ´´
အငြိမ့်အဖွဲ့က လည်းကောင်း၊ တတိယဆု ကို ``ရွှေညာမြေရဲ့ကြယ်ပွင့်များ´´အငြိမ့်အဖွဲ့ ကလည်းကောင်း
အသီးသီး ရရှိခဲ့သည့် အပြင်အကောင်းဆုံးမင်းသမီးဆု ကို ``ရွှေညာမြေရဲ့ကြယ်ပွင့်များ
´´ အငြိမ့်အဖွဲ့မှ မင်းသမီး ငြိမ်းချမ်းခိုင် ကလည်းကောင်း၊ အကောင်းဆုံးဆိုင်းအဖွဲ့ဆု
ကို ``ခေတ်သစ်ကြေးမုံ ´´ အငြိမ့်အဖွဲ့မှ ``ရန်ကုန် ဓူဝံ မင်္ဂလာဆိုင်း အဖွဲ့´´ ကလည်းကောင်း၊
တေးသီချင်းဆုကို ``မော်ဒယ်ဟား´´ အငြိမ့်အဖွဲ့မှ (တေးရေး-သူရ(မန္တလေး))၏ ``ကြိုဆိုပါသည်
ဒီမိုကရေစီ သီချင်း´´ဖြင့်လည်းကောင်း၊ မျိုးဆက်သစ်ဆု ကို ``ဇွဲ´´ အငြိမ့်အဖွဲ့ ကလည်းကောင်း၊
ပရိတ်သတ်အကြိုက်ဆုံးဆုကို ``ဇွဲ ´´ အငြိမ့်အဖွဲ့ကလည်းကောင်း ရရှိခဲ့သည်။
ပြိုင်ပွဲနှင့်ပတ်သက်၍ ပြိုင်ပွဲစီစဉ်သူ၊
ဆုရရှိသူတို့၏ ၀မ်းသာပီတိစကားသံများကို မြန်မာ့သတင်းစဉ်က ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဦးသူရ (ပြိုင်ပွဲစီစဉ်သူ)
ပြိုင်ပွဲမှာ
အဓိကကတော့
စည်းကမ်းချက်တွေအရမ်းတင်း ကြပ်မထားပါဘူး။ အဖွဲ့တိုင်း အဖွဲ့တိုင်းဟာ ဒီမို ကရေစီကိုဖော်ကျူးစေတဲ့ပျက်လုံးတစ်ခွေ၊
သီချင်းတစ် ပုဒ်တော့ပါရတယ်။ မပါရင်တော့ အမှတ်မရဘူး ပေါ့။ ကျန်တာကတော့ လွတ်လွတ်
လပ်လပ် ဖန်တီးလို့ရတယ်။ ညစ်ညမ်းတဲ့ ပျက်လုံးတွေတော့ မပါဝင်ရဘူး။ တိုင်းရင်းသားတွေကိုနှိမ့်ချဆက်ဆံတဲ့
ဘာသာရေးနဲ့သက်ဆိုင်တဲ့ ပျက်လုံးတွေမပါဝင်ရဘူး။ ကျန်တာကတော့ အပြုသဘော ဆောင်တဲ့ ထောက်ပြမှုမျိုးတွေကို
လွတ်လွတ်လပ်လပ် နဲ့ ခွင့်ပြုပေးထားပါတယ်။
လူရွှင်တော်
စိမ်းလန်း (ပထမဆုရ ``ဇွဲ´´အငြိမ့်အဖွဲ့)
ဒီအဖွဲ့မှာ လူရွှင်တော် ကျွန်တော် စိမ်းလန်းရယ်၊
အာလူး၊ ဒိုပေါက်၊ ဇောက်ထိုး၊ မင်းသမီးကတော့ ဇွဲရတီဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ရဲ့``
ဇွဲ´´ဆိုတဲ့နာမည်က တော့ အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း တစ်ချိန်တုန်းက
အငြိမ့်ကခဲ့ဖူး ပါတယ်။ အဲ့ဒီအဖွဲ့ရဲ့နာမည်ကတော့ ``ဇွဲ´´ပါ။ ဒီအတိတ်နိမိတ်ကိုယူပြီး
ကျွန်တော်တို့ အဖွဲ့ လည်းနာမည်ပေးခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ကတော့ပဏာမ အဆင့်
ပြိုင်ပွဲမှာကတည်းက အချိန်ယူပြီး ခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ဆရာ
သီးလေးသီးအဖွဲ့က ကိုပန်းသီး ကလည်းသူ့အိမ်မှာ အားလုံးစီစဉ်ပေးပြီး သင်ကြားပေးခဲ့တာကြောင့်
အခက်အခဲများစွာထဲက ပထမ အဆင့်ကိုကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာလည်း ၀ီရိယထားပြီး
ကြိုးစားယှဉ်ပြိုင်ခဲ့လို့ ကျွန်တော်တို့မျှော်လင့် ထားတဲ့ပန်းတိုင်ကိုရရှိခဲ့တာပါ။
ဆက်လက်ပြီးတော့လည်း ဒီထက်ကြိုးစားသွားမှာပါ။ ဒီပြိုင်ပွဲဟာခေါင်းစဉ်ကိုကတည်းက မြန်မာ့ဒီမိုကရေစီ
ဖြစ်တဲ့အတွက်ကြောင့် မြန်မာ့ဒီမို ကရေစီရဲ့ Messages လေးတွေလည်းပါတယ်။ ကျွန်တော်တို့က
လူရွှင်တော်ဖြစ်တဲ့ အကြောင့် ဟာသလေးတွေနဲ့ရောနှောပြီး တင်ဆက်ခဲ့တဲ့ အတွက် ပရိတ်သတ် အကြိုက်ဆုံးဆု၊
အကောင်းဆုံးဆုနဲ့ လူရွှင်တော်အဖွဲ့လိုက်ဆု တွေကိုရရှိခဲ့ပါတယ်။ ဒါဟာလည်းကျွန်တော်တို့ရဲ့ကြိုးစားမှုနဲ့
ဆရာသမားတွေရဲ့ ကျေးဇူးကြောင့် အခုလိုမျိုးအောင်မြင်မှုရရှိခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ရှေ့ဆက်ပြီး
အကောင်းဆုံး ပျက်လုံးတွေနဲ့ တင်ဆက်သွားမယ်။ ပရိတ်သက်ကြီး အနေနဲ့လည်းအားပေးပါ လို့ပြောပါရစေ။
လူရွှင်တော်
လူမော် (ဒုတိယဆုရ ``ခေတ်သစ်ကြေးမုံ´´ အငြိမ့်အဖွဲ့)
ဒီဆုကိုရမယ်လို့ထင်မထားခဲ့ပါဘူး၊ မှန်းလည်းမထားခဲ့ပါဘူး၊
ပရိသတ်အပေါ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစား ခဲ့ပါတယ်၊ ကျွန်တော်တို့ အဖွဲ့ကအမျိုးတွေချည်းပဲ
၊ တူဝရီးတွေ ညီအစ်ကိုတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်၊ ဒီအထဲမှာ ကျွန်တော်တို့အဖွဲ့ ကိုပံ့ပိုးတီးခတ်ပေးတဲ့
ကိုဓူဝံကပါ ထပ်ရတယ်ဆိုတော့ ပိုပြီးတော့ ပျော်ပါတယ်၊ ပျက်လုံးပိုင်းနဲ့က ဂလက်ဆီစတားအဖွဲ့
က ဦးပေါ်ဦးကစီစဉ်ပေးတယ်၊ ဆရာဦးဧရာ၊ မြဝတီချစ်စမ်းမောင်၊ ကိုချစ်လူလူ တို့ကလည်း လာပြီးသင်ပြတယ်၊
ကျွန်တော်တို့ အတတ် နိုင်ဆုံးကြိုးစားခဲ့ပါတယ်၊ ဆုရရှိခဲ့တဲ့အတွက်လည်း အင်မတန်မှ ၀မ်းသာ
မိပါတယ်။
စီစဉ်သူ
ဦးအောင်ဝမ်းတူး(တတိယဆုရ ``ရွှေညာမြေရဲ့ကြယ်ပွင့်လေးများ´´ အငြိမ့်အဖွဲ့)
ပျက်လုံးပိုင်းနဲ့ ပတ်သက်ပြီးတော့ အချိန်တော်တော်ပေးရတယ်
၊ တော်တော် လည်း ကြိုးစားခဲ့ရတယ်၊ လူရွှင်တော်ပိုင်းရော ၊ မင်းသမီးကကြိုးကဟန်၊ နောက်ပြီး
သီဆိုတဲ့ သီချင်းကအစ ကျွန်တော်ပဲ တာဝန်ယူရေးပါတယ်၊ လူရွှင်တော်ခွင် ကိုတော့ ကိုပေါ်ဦးက
ကြီးကြပ်ပေးပါတယ်၊ နောက်ပိုင်းတွေမှာလည်း ပြည်သူတွေအတွက် အဖွဲ့က အားလုံး ကြိုးစားသွားမှာပါ၊ ဒီပွဲကြီးဖြစ်မြောက်တဲ့အတွက်
တော်တော်ဝမ်းသာ မိပါတယ်၊ နောင်ကိုလည်းဒီလိုပွဲမျိုးတွေ နှစ်တိုင်းဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
အကောင်းဆုံးမင်းသမီးဆု
ငြိမ်းချမ်းခိုင် (``ရွှေညာမြေရဲ့ကြယ်ပွင့်လေးများ´´အငြိမ့်အဖွဲ့)
အခုလိုဆုရရှိတဲ့အတွက် ဝမ်းသာပါတယ်၊ ပံ့ပိုးပေးတဲ့ဆရာတွေကို
ကျေးဇူးအများကြီး တင်ပါတယ်၊ လေးလေး ဦးအောင်ဝမ်းတူး ၊ ဆရာဦးပေါ်ဦး၊ ယဉ်ကျေးမှုက ဆရာဦးအောင်အောင်တို့ရဲ့
ပံ့ပိုးမှု အားကအလွန်ကိုကောင်းတဲ့ အတွက် ဒီဆုကိုရရှိခဲ့ တာပါ၊ပြင်ဆင်မှုအပိုင်းမှာက လေးလေး
ဦးအောင်ဝမ်းတူးက သူများနဲ့ မတူအောင် လမ်းကြောင်းကိုဖောက်ထွက်ပေးတယ်၊
ပရိသတ်ပိုသတိထားမိသွား တာပေါ့၊ ဒီမိုကရေစီအကြောင်းကိုလည်း တကယ်နားလည်တဲ့ ဆရာတွေကို
သေသေ ချာချာမေးပြီးမှ ပြိုင်ပွဲမှာအမှားအယွင်းမရှိအောင် တင်ဆက်ကပြခဲ့တာပါ ၊ ပါပါဦးဇာဂနာတို့ကအငြိမ့်
တွေဆက်ကရမယ်လို့ပြောတယ်၊ ခိုင်းလာတဲ့ဘယ်လို အနုပညာအလုပ် မျိုးမဆိုတာဝန် ကျေပွန်အောင်
လုပ်ဆောင်သွားမှာပါ။

No comments:
Post a Comment