Saturday, September 23, 2017

တရုတ်နိုင်ငံမှ မီဒီယာအဖွဲ့ စစ်တွေမြို့ပေါ်ရှိ IDP စခန်းနှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ သတင်းရယူ



စစ်တွေ စက်တင်ဘာ ၂၃

စစ်တွေမြို့၌ ရောက်ရှိနေသည့် တရုတ်မီဒီယာ အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ အစ္စလာမ် ဘာသာဝင်များ နေထိုင်ရာ သက္ကယ်ပြင် ကယ်ဆယ်ရေးစခန်း၊ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာသည့် တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များ ယာယီ နေထိုင်ရာ မဟာဇေယျသိဒ္ဓိ အဓိဌာန် ကျောင်းတိုက်နှင့် ဟိန္ဒူဘုရားကျောင်း ကယ်ဆယ်ရေး စခန်းများသို့ သွားရောက် သတင်းရယူကြသည်။


 ရှေးဦးစွာ တရုတ်မီဒီယာ အဖွဲ့သည် စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ သက္ကယ်ပြင်စခန်းသို့ သွားရောက်ပြီး IDP စခန်း တာဝန်ရှိသူများ၊ စခန်းတွင်း နေထိုင်သူများနှင့် တွေ့ဆုံ၍ စားသောက်နေထိုင်မှုနှင့် ကျန်းမာရေး စောင့်ရှောက်ထားရှိမှု အခြေအနေများ ကို လွတ်လပ်စွာ မေးမြန်း သတင်းရယူကြသည်။

ထို့နောက်            တရုတ်မီဒီယာ အဖွဲ့သည် ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာပြီး စစ်တွေမြို့ မဟာဇေယျသိဒ္ဓိ အဓိဌာန် ကျောင်းတိုက် ယာယီကယ်ဆယ်ရေး စခန်းတွင် ရောက်ရှိနေသည့် တိုင်းရင်းသားများနှင့် တွေ့ဆုံကာ အကြမ်းဖက် တိုက်ခိုက်ခံရမှု အခြေအနေနှင့် နိုင်ငံတော် အစိုးရနှင့် လူမှုရေး အဖွဲ့အစည်းများမှ ကူညီကယ်ဆယ် စောင့်ရှောက်ထားရှိမှု အခြေအနေများကို မေးမြန်း သတင်းရယူကြသည်။

ယင်းနောက်  စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက် ဟိန္ဒူဘုရားကျောင်းတွင် မောင်တောနှင့် ဘူးသီးတောင် မြို့နယ် တို့မှ နေရပ်စွန့်ခွာ တိမ်းရှောင်လာသည့် ဟိန္ဒူဘာသာဝင်များ ယာယီနေထိုင်ရာ ကယ်ဆယ်ရေးစခန်းသို့  သွားရောက် သတင်း ရယူကြပြီး ညနေပိုင်းတွင် တရုတ်မီဒီယာ အဖွဲ့သည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ သွားသည်။

ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တောမြို့တို့တွင် စက်တင်ဘာ ၂၂ ရက်မှ ၂၃ ရက် အထိ သတင်း ရယူခဲ့ကြသည့် တရုတ်နိုင်ငံမှ မီဒီယာအဖွဲ့တွင် People´s Daily၊ China Radio International နှင့် Phoenix TV (ဟောင်ကောင်) တို့မှ မီဒီယာသမားများ ပါဝင်သည်။

(သတင်းအဖွဲ့)

No comments:

Post a Comment