နေပြည်တော်
စက်တင်ဘာ ၂၃
တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် အဖွဲ့ဝင်များနှင့်အတူ
ဇူလိုင် ၁၁ ရက်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည့် ကျိုင်းတုံမြို့ ဓမ္မောဒယ ပရိယတ္တိစာသင်တိုက်
ဦးစီးပဓာနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တအာဇေယျ၏
ဥတုဇရုပ်ကလာပ်တော်အား ယနေ့ နံနက်ပိုင်းတွင် ဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်
ကျင်းပမည့် ကျိုင်းတုံမြို့ ဘုရားကိုးဆူ ကုန်းပေါ်ရှိ ယာယီစံကျောင်းသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အန္တိမဈာပနသဘင်အား ရိုးရာဓလေ့ထုံးစံများ နှင့်အညီ လုပ်ဆောင်ရေး၊
လာရောက်ဖူးမြော်ကြမည့် ဒါယိကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်များ အတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်
ပေးရေး၊ သောက်ရေ သန့်များ ရရှိရေးနှင့် သန့်စင်ခန်းများ လုံလောက်စွာ ထားရှိရေးတို့ကို
မှာကြား သည်။
ထို့နောက်
တူယားကျောင်းတိုက် ဆရာတော် မဟာဂန္ထ၀ါစက ပဏ္ဍိက ဘဒ္ဒန္တ ပညာသာမိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး
သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြကာ ဈာပန အခမ်းအနားအတွက် စုပေါင်းအလှူငွေများ
ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ
ဓမ္မောဒယ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာဇေယျ (သက်တော် ၉၁
နှစ်၊ သိက္ခာတော် ၇၁ ၀ါ)၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အား အောက်တိုဘာ ၁၅ ရက်အထိ ကျင်းပသွား
မည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ပြီး
ကျိုင်းတုံမြို့ ပန်ကွဲကျေးရွာအနီး အဘယမုဒ္ဒြာ ရုပ်ပွားတော် မြတ်ကြီး တည်ထား ဆောက်လုပ်နေမှုကို
လည်းကောင်း၊ အဘယမုဒ္ဒြာ ရုပ်ပွားတော် မြတ်ကြီးအနီး တည်ဆောက် ထားရှိသည့် ဗုဒ္ဓဥယျာဉ်တော်
အတွင်းနှင့် ဥယျာဉ်တော် အတွင်း တည်ထားကိုးကွယ်မည့် မုဒ္ဒြာ ဆင်းတုတော်များအားလည်းကောင်း၊ ဥယျာဉ်တော်ကြီးအတွက်
တည်ဆောက်ထားရှိသည့် ရေဂါလံ ၄ သန်းဆံ့ ကောင်းမှုတော် ဆည်အားလည်းကောင်း၊ စိုက်ပျိုးမြေ
၁၀ ဧကတွင် နှင်းဆီပန်းမျိုးစုံ အပင် ၅ သောင်းကျော် စိုက်ပျိုးထားရှိမှုများကို လည်းကောင်း
လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ထို့နောက်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံ တပ်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး
လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment