Friday, September 22, 2017

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာဘာသာရပ်သင်တန်းအမှတ်စဉ် (၁၁/၂၀၁၇) ဆင်းပွဲ အခမ်းအနား မန္တလေးမြို့၌ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၂
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုံ) တို့ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁၁/၂၀၁၇) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ FITC (FuQing International Language Teaching Center) သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အမှတ်စဉ် (၁၁/၂၀၁၇) တွင် သင်တန်းသား/သူ (၁၉၇) ဦးတက်ရောက်ခဲ့ပြီး ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေး သင်တန်းတို့အားသင်တန်းကာလ ရက်သတ္တပါတ် (၄) ပါတ်နှင့်အစားအစာနှင့် အဖျော်ယမကာထုတ်လုပ်ရေးသင်တန်း အားရက်သတ္တပါတ် (၈) ပါတ်ကို စာတွေ့လက်တွေ့လုပ်ငန်းခွင်မပျက် (On Job Training) သင်ကြားပို့ချပေးကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment