Thursday, September 28, 2017

ပုဏ္ဏားကျွန်းမြို့ ယာယီကယ်ဆယ်ရေးစခန်းရှိ ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

စစ်တွေ စက်တင်ဘာ ၂၈
ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်သိမ်တော်ကြီး ကယ်ဆယ်ရေးစခန်းရှိ ရခိုင်၊ ဒိုင်းနက်နှင့် မြို တိုင်းရင်းသားများအား ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ကြသည်။



လောကမာရဇိန်သိမ်တော်ကြီးကယ်ဆယ်ရေးစခန်းရှိ တိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် သွေးတိုး၊ အစာမကြေ၊ အဆစ်နာ၊ ချောင်းဆိုးနှင့် အရေပြားရောဂါများကို အများဆုံးကုသပေးခဲ့ရပါကြောင်း ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးမှူး ဒေါ်သိန်းသိန်းဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်သိမ်တော်ကြီး ကယ်ဆယ်ရေးစခန်းရှိ တိုင်းရင်းသား ၁၂၆ ဦးအား ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးမှူး ဒေါ်သိန်းသိန်းဦးနှင့် ၀န်ထမ်း(၇)ဦးက တိုင်းရင်း ဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment