Thursday, September 28, 2017

လူမှုဝန်ထမ်းဦးစီးဌာနမှ နေရပ်စွန့်ခွာ ပြည်သူများအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်

စစ်တွေ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ် အတွင်းရှိ ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် နံနက် အာရုံတက်ချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင် မြို့နယ်နှင့် ကျေးရွာများမှ ပြည်သူများသည် မိမိတို့၏ နေရပ်များကိုစွန့်ခွာပြီး  စစ်တွေမြို့ရှိ ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ခေတ္တခိုလှုံလျက်ရှိသည့် ပြည်သူများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး နေရပ်စွန့်ခွာ ပြည်သူများကိုကူညီ ထောက်ပံ့ပေးအပ်သည်။


လူမှုဝန်ထမ်းဦးစီးဌာနမှ  စစ်တွေမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ ယနေ့မွန်းလွဲပိုင်း အချိန်က ဇေယျဝတီ ဘုန်းတော်ကြီးကျောင်း ၊ အောင်မြေကုန်း ဘုန်းတော်ကြီး ကျောင်း၊ ရတနာဗိမာန်ဘုန်းတော်ကြီးကျောင်း ၊  သာသနာ့ ရောင်ခြည်ဘုန်းတော်ကြီး ကျောင်းနှင့် ဓည၀တီအားကစားကွင်းရှိ ယာယီကယ် ဆယ်ရေးစခန်း များတွင် ခေတ္တခိုလှုံ နေထိုင် လျက်ရှိသည့်  ကိုယ်ဝန်ဆောင်အမျိုး သမီး(၁၈)ဦးအတွက် (၃၆၀၀၀၀ိ/-) ၊ (၂)နှစ် ကလေး(၆၈)ဦးအတွက် (၆၈၀၀၀၀ိ/-) ၊ သက်ကြီးရွယ်အိုအသက်(၆၀)နှင့်အထက် (၄၇)ဦးအတွက်(၉၄၀၀၀၀ိ/) ၊ကိုယ်အင်္ဂါ မသန်စွမ်း သူ(၃၀)ဦးအတွက် (၆၀၀၀၀၀ိ/) ၊ ကျန်းမာရေးဆေးဝါးကုသရာလူနာ(၁)ဦးအတွက် (၅၀၀၀၀ိ/)၊ ထိခိုက်လွယ်အုပ်စု တွင် ပါဝင်သူ(၂)ဦးအတွက် (၂၀၀၀၀၀ိ) အားနေရပ် စွန့်ခွာ ပြည်သူများကို သွားရောက်ထောက်ပံ့ ပေးအပ် သည့်အပြင်း ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ လူမှုပံ့ပိုးကူညီပေးခြင်းနှင့် ကလေးပျော်နေရာများ ဖန်တီးပေးခြင်းများ လည်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment