နေပြည်တော်
စက်တင်ဘာ ၂၂
ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသော (၁ဝ)ကြိမ်မြောက်
ပစိဖိတ်ကြည်းတပ် ဦးစီးချုပ်များအစည်းအဝေး (10th Pacific Armies Chiefs
Con-ference) သို့ တက်ရောက်ခဲ့သည့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်
(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိ
Sky Tower သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အင်ချွန်းမြို့ စီးပွားရေးဇုန်ရှိ G
Tower သို့လည်းကောင်း သွားရောက် လေ့လာကြသည်။
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည်
ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာကိုရီးယား နိုင်ငံစစ်သံမှူး
Colonel Hong Gongkee နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြ
ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment