Friday, September 22, 2017

(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၂၆)ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်နှင့် တပ်မတော် ဂုဏ်ဆောင် အားကစားသမားများ၊ နည်းပြများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ ၂၂
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၂၆)ကြိမ်မြောက် အာဆီယံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်နှင့် တပ်မတော် ဂုဏ်ဆောင် အားကစားသမားများ၊ နည်းပြများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၂၉) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဝူရှူး (နန်းသောင်း/ နန်းကွန့်/ချန်းချွမ်း)ပြိုင်ပွဲ၌ ရွှေတံဆိပ် ၂ ခုရရှိခဲ့သည့် ဝူရှူးအသင်း၏ကိုယ်စား မမြတ်သက်ဆုဝေဖြိုး၊  ပိုက်ကျော်ခြင်း (အမျိုးသား ၂ ယောက်တွဲ၊ အမျိုးသမီး ၄ ယောက်တွဲ)ပြိုင်ပွဲ၌ ရွှေတံဆိပ် ၂ ခုရရှိခဲ့သည့် ပိုက်ကျော်ခြင်းအသင်း၏ ကိုယ်စား တပ်ကြပ်ကြီး သန့်ဇင်ဦး၊  ခြင်းလုံးအဖွဲ့လိုက် (အမျိုးသား Event 2 နှင့် Event 4) ပြိုင်ပွဲ၌ ရွှေတံဆိပ် ၂ ခုရရှိခဲ့သည့် ခြင်းလုံးအသင်း၏ ကိုယ်စား မောင်ကျော်စိုးမိုးတို့အား ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် တာဝန်ရှိသူများက  ဆုများပေးအပ်ချီးမြှင့်ကြ ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment