Saturday, September 30, 2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကာတာသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ ၂၉
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကာတာ သံအမတ်ကြီး H.E Mr Hassan bin Mohamed Rafei Al Emadiအား ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် အထူးကော်မရှင် ဥက္ကဋ္ဌ က ရခိုင်ဒေသ အခြေအနေများအား အမှန်အတိုင်း သိမြင်နိုင်ရန် လိုအပ်ပါကြောင်း၊ ကာတာနိုင်ငံရှိ မီဒီယာများအနေဖြင့်လည်း ရခိုင်ဖြစ်စဉ်အပေါ် ဘက်မျှသည့် သတင်းများ ထုတ်လွှင့်ပေးခြင်းဖြင့် ကမ္ဘာမှအခြေအနေမှန်များ သိရှိနိုင်စေရေး အတွက် ကူညီဆောင်ရွက် ပေးစေလိုပါကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူ အညီများကိုလည်း သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း ကူညီပေးစေလိုပါကြောင်း ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment