Saturday, September 30, 2017

အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှုဆိုင်ရာ သွင်းကုန်မူဝါဒပြောင်းလဲမှုနှင့်ပတ်သက်ပြီး ပဲမျိုးစုံကဏ္ဍအလိုက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဆွေးနွေး


နေပြည်တော် စက်တင်ဘာ ၂၉
အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှုဆိုင်ရာ သွင်းကုန်မူဝါဒပြောင်း လဲမှုနှင့် ပဲမျိုးစုံကဏ္ဍ အလိုက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လက်ရှိဆောင်ရွက်နေမှုအခြေ အနေများ၊ တောင်သူများ စိုက်ပျိုး ထွက်ရှိလာမည့် ပဲများနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ နှင့်သီးနှံ အစားထိုး ပြောင်းလဲ စိုက်ပျိုးရန် ကိစ္စများအားပဲစိုက်ပျိုးထွက်ရှိသည့် တိုင်းဒေသ ကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံညှိနှိုင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာ စကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လာမည့်ပဲစိုက်ရာသီတွင် မတ်ပဲလျော့ချစိုက်ပျိုး ရေးနှင့် အခြား ဈေးကွက်ဝင် သီးနှံပြောင်းလဲစိုက်ပျိုးရေးကိစ္စ၊ EU နိုင်ငံများနှင့် ဂျပန်နိုင်ငံ သို့တင်ပို့သည့် ပဲများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း သတ်မှတ်ချက်ထက် ပိုမိုပါဝင်နေသည့် အတွက်ပဲများတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း လျော့ချနိုင်ရေး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပြည်တွင်း လက်ကျန် ပဲများအပေါ် ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များ၊ စိုက်ပျိုးထားပြီးဖြစ်သော ပဲများကို တောင်သူများ ထိခိုက်မှု မရှိစေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို အကြံပြုဆွေးနွေးခဲ့ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း အကြံပြု ဆွေးနွေး ချက်များမှ ဖော်ထုတ် ချက် (၁၀) ချက်ရရှိခဲ့ပြီး ဖော်ထုတ်ချက်များကို အကောင် အထည်ဖော် နိုင်ရေးအတွက် ပဲမျိုးစုံ တင်ပို့မှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေး အထူးလုပ်ငန်းအဖွဲ့ကိုဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်အဖွဲ့များ၊ ပညာရှင်များ၊ တောင်သူကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊
ပြည်တွင်းမှ လက်ကျန်ပဲများကို အသုံးပြုနိုင်မည့် နည်းလမ်းများ ရှာဖွေဆောင်ရွက် ရန်အပြင် ပဲအများ ဆုံးသုံးစွဲသည့်တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဦးစီးဌာန၊ သင်တန်းကျောင်းများရှိသော ဝန်ကြီးဌာနအဖွဲ့အစည်းများအနေဖြင့် ရိက္ခာအဖြစ် အသုံးပြုခြင်း၊ သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ရေးအတွက် ပိုမိုအသုံးပြုနိုင်ရေး ကိစ္စများ ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့် အစီအမံများ၊ ပဲအခြေခံစားသောက် ကုန်ထုတ် လုပ်သည့် လုပ်ငန်းရှင်များက ပဲသုံးစွဲနိုင်မည့် အခြေအနေများကို စက်တင်ဘာ ၂၂ ရက်တွင် ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှု မူဝါဒ ကန့်သတ် ချက်ကြောင့် ဖြစ်ပေါ်လာ သောအခက်အခဲများမှာ အမျိုးသားရေးနှင့် သက်ဆိုင်သည့်အတွက် အခက်အခဲ များမှ တစ်ဆင့်အခွင့် အလမ်းများရရှိအောင် ရေတိုရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက် သွားရမှာဖြစ်ကြောင်း ဆွေးနွေးပြော ကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ သီးနှံအစား ထိုးပြောင်း လဲစိုက်ပျိုးရေးကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက်ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့မှ တက်ရောက်လာ ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးများက ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများ၊ သီးနှံပြောင်းလဲ စိုက်ပျိုးရေး ကိစ္စရပ်များအား အသီးသီးဆွေးနွေးတင်ပြကြပြီး ပဲစိုက်ပျိုးသည့် ပြည်နယ်များမှ တောင်သူ ကိုယ်စားလှယ် များမှ ပဲအမျိုးမျိုးစိုက်ပျိုးရာတွင် တွေ့ကြုံရသည့် အခက်အခဲ များအား ရှင်းလင်း တင်ပြ ကြောင်းသတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment