နေပြည်တော် စက်တင်ဘာ ၂၉
ရုံးလုပ်ငန်းသုံး ကွန်ပျူတာအခြေခံ ကျွမ်းကျင်သင်တန်း
အမှတ်စဉ် (၁/၂၀၁၇)နှင့် ရုံးလုပ်ငန်း စွမ်းရည်မြှင့် သင်တန်း အမှတ်စဉ်(၁/၂၀၁၇)နှင့်
(၂/၂၀၁၇)သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လည် ၃နာရီ ၁၅မိနစ်တွင်
ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးဝင်းမော်ထွန်း၊ ပညာရှင် ဆရာကြီး ဆရာမကြီးများ၊ ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူ ဝန်ထမ်းများတက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြား ရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း
Capacity Development Center ဖွင့်လှစ်၍ ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရေးသင်တန်းများ
ဖွင့်လှစ်ဆောင်ရွက် ပေးနေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစီအလိုက် မိမိတို့
အရည်အသွေးများ တိုးတက်စေရေး စဉ်ဆက်မပြတ် လေ့လာမှတ်သား၍ မိမိတို့၏ ရုံးလုပ်ငန်းဆိုင်ရာများအား
သက်ဆိုင်ရာ တာဝန်အလိုက် သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ
သတ်မှတ်ထားသောအချိန်အတွင်း တိကျမှန်ကန်စွာနှင့် တာဝန် ကျေပွန်စွာ လုပ်ဆောင်နိုင်ရန်
အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများ သိရှိနားလည်
စေရန်သာမက လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ရန် ယနေ့ခေတ်တွင် ကွန်ပျူတာ ကျွမ်းကျင်မှု
ရှိစေရန်နှင့် အင်္ဂလိပ်စာ အခြေခံကောင်းမွန် စေရေး အတွက်လည်း လွန်စွာ အရေးပါ လာပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် လည်း ကွန်ပျူတာသင်တန်း၊ မြန်မာစာနှင့် ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်သင်တန်း၊
အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ် သွားမည်ဖြစ် ပါကြောင်း၊
ပညာရေးအရည် အသွေးမြင့်မားရေး အတွက် ဦးတည်ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ရာတွင်
အားလုံးက မိသားစု စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် အရေးကြီး ပါကြောင်း၊
ယခုသင် တန်းဆင်းလက်မှတ်သည်လည်းမိမိ၏ လုပ်ငန်းစွမ်းဆောင်နိုင်မှု အရည် အချင်းကို ပြသနိုင်မည့်
အထောက်အကူလ က်မှတ်ဖြစ်ပါ ကြောင်းစသည်ဖြင့်ပြောကြားသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကသင်တန်းဆင်းလက်မှတ်များ
ပေးအပ်ကြသည်။
ကွန်ပျူတာအခြေခံ ကျွမ်းကျင်သင်တန်းတွင်
သင်တန်းသား သင်တန်းသူ(၄၃)ဦးနှင့် ရုံးလုပ်ငန်း စွမ်းဆောင်ရည် မြှင့်သင်တန်းတွင် သင်တန်းသား
သင်တန်းသူ(၇၅)ဦး၊ စုစုပေါင်း (၁၁၈)ဦး တက်ရောက် ခဲ့ကြကြောင်းသတင်းရရှိပါသည်။
(သတင်းစဉ်)
No comments:
Post a Comment