စက်တင်ဘာ
၂၈ ၊ ၂၀၁၇
မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာအုပ်စု၊
လေယာဉ် ကွင်းကျေးရွာတွင် ဘူးသီးတောင် မြို့နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့်
ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ မောင်တောခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊
ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့သည် စက်တင်ဘာ ၂၇ ရက်နေ့တွင် သွားရောက် တွေ့ဆုံခဲ့သည်။
လေယာဉ်ကွင်းကျေးရွာတွင် တိမ်းရှောင်ရောက်ရှိနေသူများသည်
ဘူးသီးတောင်မြို့နယ်၊ ဒုအိုးသည်မ ကျေးရွာ အုပ်စုနှင့် ပြိုင်းတောင်ကျေးရွာအုပ်စု၊ ဇင်ခါးမကျေးရွာ၊
ဘိုလီကျေးရွာ၊ ငွေတောင်ကျေးရွာတို့မှ ဖြစ်ပြီး ဒေသ အခြေအနေ မတည်ငြိမ်မှုအပေါ် ကြောက်ရွံ့၍
တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန် ၎င်းနေရာသို့ ရောက်ရှိကြောင်း သိရှိရသည်။
ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က တိမ်းရှောင်ရောက်ရှိနေသူများအား
တွေ့ဆုံမေးမြန်းရာတွင် စားဝတ်နေရေး အခက်အခဲ ရှိသဖြင့် ဆက်လက်နေထိုင်၍ မရသောကြောင့်
သွားရောက်လိုခြင်း ဖြစ်ကြောင်း လုံခြုံရေး အခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟု ယူဆ၍
သွားရောက်လိုခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများကထွက်ခွာရန်
ဆက်သွယ်ပြောဆိုခြင်းများရှိကြောင်း၊ ဒေသခံ တိုင်းရင်းသားအချို့မှ ဖုန်းဖြင့်ခြိမ်းခြောက်
ခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီများလည်း တိမ်းရှောင်မှုများလည်း ရှိနေခြင်းတို့ကြောင့်
၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံရှိ ၎င်းတို့မျိုးနွယ်စုများထံ
သွားရောက်လိုခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သိရှိပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက
ရှင်းလင်းပြောကြားရာတွင် စားဝတ်နေရေး အခက်အခဲ ရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲ (၄)မျိုးတို့ကို
ထောက်ပံ့ပေးမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် ပတ်သက်၍ လက်ရှိ နေရာမှ မူလနေရာသို့ ပြန်လိုလျှင်
မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက်ပေး
မည်ဖြစ်ကြောင်း ဒေသခံတိုင်းရင်းသားများမှ ဖုန်းဖြင့်ခြိမ်းခြောက်မှု ရှိပါက တရားဥပဒေနှင့်အညီ
အရေးယူ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ခြိမ်းခြောက်မှုများပြား၍ လူနည်းစု ဖြစ်မည်ဟုယူဆပါက
ပတ်ဝန်းကျင်ကျေးရွာများ ကို စုစုစည်းစည်း လုံခြုံအောင်စီမံဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့်
တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခြင်း/ မိမိနေရပ်သို့ ပြန် လိုခြင်းတို့အတွက် ပြန်လည်ဆက်သွယ်ပြောကြားရန်
မှားကြားခဲ့သည်။
Ref; Information Committee







No comments:
Post a Comment