Thursday, September 28, 2017

တက္ကသိုလ်အကြံပေးအဖွဲ့များ၊ တက္ကသိုလ်ပညာရပ်အဖွဲ့များ ပညာရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၁၇) ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၈
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ (Civil Services Academy-CSA) များ၏ တက္ကသိုလ်အကြံပေးအဖွဲ့များ၊ တက္ကသိုလ်ပညာရပ်အဖွဲ့များ ပညာရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၁၇) ကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy-CSA) ပညာရေး၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက္ကသိုလ်အကြံပေးအဖွဲ့ အဖွဲ့ဝင်များက အကြံပြုတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီးပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌဒေါက်တာဝင်းသိမ်းက အကြံပြု တင်ပြချက်များအပေါ် သုံးသပ်၍လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ (Civil Services Academy-CSA) များ၏အကြံပေးအဖွဲ့ အဖွဲ့ဝင်များ၊ တက္ကသိုလ် ပညာရပ်အဖွဲ့များနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment