Thursday, September 28, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ညောင်ရွှေမြို့နယ်နှင့် ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံများသို့ သွားရောက်ကြည့်ရှု

နေပြည်တော် စက်တင်ဘာ၂၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာ ၂၇ ရက် နေ့လည်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်မှလွှတ်တော် ကိုယ်စားလှယ် များ၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီး ဌာနမှူးတို့နှင့်အတူ ညောင်ရွှေမြို့နယ်ပြည်သူ့ ဆေးရုံသို့ရောက်ရှိကာ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ညောင်ရွှေမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ဆေးရုံနှင့်ပတ်သက်၍ အထွေထွေ ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောက်ရွက်ပေးသည်။

ယင်းနောက် တည်ဆောက်ပြီး ဆေးရုံသစ်အဆောက်အဦနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များကို မှာကြားသည်။ ညနေ(၄)နာရီတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ဆေးရုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက ယခုလိုလာရောက်ခြင်းသည် လုပ်ငန်းထူးချွန်စွာ ဆောင်ရွက်သည့် စံပြမြို့နယ်ကျန်းမာရေး ဌာနနှင့် ဆေးရုံကို လာရောက်ဂုဏ်ပြု ခြင်းဖြစ်ကြောင်း၊ ဤဆေးရုံကဲ့သို့ စံနမူနာပြဆောင်ရွက်နိုင်စေရန် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် တိုက်နယ်ဆရာဝန်များ မွမ်းမံသင်တန်းတွင် လေ့လာရေးခရီးအနေဖြင့် လာရောက် လေ့လာနိုင်ရန် စေလွှတ်မည်ဖြစ်ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှလာရောက်၍ လူတွေ့မေးမြန်းခြင်းနှင့် မှတ်တမ်းရိုက်ကူးနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်သာမက ဆက်စပ်လျက်ရှိသောလူမှုရေး၊ ပညာရေးနှင့် ပရဟိတလုပ်ငန်းများကိုပါ တက်ကြွစွာဆောင်ရွက် လျက်ရှိသဖြင့် ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြား သည်။
ထို့နောက် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ ဆေးရုံသင်တန်းခန်းမတွင် သင်တန်းတက်ရောက်နေသော အရံ သားဖွား ဆရာမများအားတွေ့ဆုံ အားပေးစကားပြောကြားကာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ တင်ပြချက် များအား ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment