Friday, September 22, 2017

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိုင်းရင်းသားများအတွက် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၂
ARSA အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဌနှင့် ကောင်စီဝင်များ၊
နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဒက္ခိဏခရိုင်၊ ဥတ္တရခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လှူဒါန်းငွေ ကျပ် (၄,၀၆၀,၀၀၀)ကိုနေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းကလည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ "မျှဝေခြင်း" အစီအစဉ်အရစိုက်ပျိုးရေး သုတေသနဦးစီးဌာနက လှူဒါန်းငွေ ကျပ် (၁,၀၀၀,၀၀၀) ကို တာဝန်ရှိသူများ ကလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment