Thursday, September 28, 2017

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူလျက်ရှိ

စက်တင်ဘာ ၂၈၊ ၂၀၁၇
သြဂုတ်လ ၂၅ ရက်နေ့တွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများက အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး နောက် အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ခဲ့ရသည်။ ၎င်းနောက် တည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးရေး တာဝန်များကို အလေးပေးဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့် အညီ အရေးယူလျက်ရှိသည်။

ထွက်ပြေးတိမ်းရှောင်သွားသည့် ကျေးရွာအချို့တွင် လူမရှိတော့သည့် နေရာများသို့ သွားရောက် ခြင်း၊ ပစ္စည်းများ လုယူခြင်းနှင့် မီးရှို့ခြင်းများကို လူအချို့က ဆောင်ရွက်သည့် သတင်းများအရ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို သြဂုတ်လ ၂၅ ရက်နေ့တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ သတ်မှတ်ကြောင်း တိုးမြှင့်ထုတ်ပြန်၍ ကန့်သတ်နယ်မြေများသို့ ဝင်ရောက်ခြင်းမပြုရန်နှင့် ဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်သွားရန် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၇ စက်တင်ဘာ ၈ ရက်နေ့ နေ့လည် ၁၁ နာရီခွဲတွင် မောင်တောမြို့နယ်၊ ပန်းဘဲမြောက်ရွာရှိ နေအိမ်နှစ်လုံးအား မီးရှို့ထွက်ပြေးသွားသော တရားခံများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိပြီး အလယ်သံကျော် နယ်မြေရဲစခန်း၌ (ပ)၂၉/၁၇ ပုဒ်မ ၄၃၆/၃၄ ဖြစ် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
၂၀၁၇ စက်တင်ဘာ ၁၃ ရက်နေ့ ၊ မွန်းလွဲ ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သက္ကယ်ပြင်ကျေးရွာ အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် စောသိန်းမောင်ပါ ၂ ဦးအား မသင်္ကာဖွယ် တွေ့ရှိ၍ စစ်ဆေးရာ ကျေးရွာအစပ်ရှိ ပုဇွန်ကန်များမှ ငါ/ပုဇွန် ၇၀ ကျပ်သားခန့်နှင့် ငါး/ပုဇွန်ဖမ်းပိုက်များ သိမ်းဆည်းရမိသဖြင့် ပြင်ဖြူနယ်မြေရဲစခန်း၌ (ပ) ၅၄/၂၀၁၇ ပုဒ်မ ၃၇၉/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
၂၀၁၇ စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲတွင် မောင်တောမြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စု၌ မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ ညောင်ချောင်းကျေးရွာမှ နေအိမ် ၆၀ လုံး ပန်းတောပြင်ရွာမှ နေအိမ် ၁၀၀ လုံး စုစုပေါင်း ၁၆၀ လုံး ကာလတန်ဖိုး ၃၂ သိန်းခန့် ဆုံးရှုံးခဲ့သည်။ အဆိုပါ မီးရှို့ထွက်ပြေးသွားသော တရားခံများ ဖမ်းဆီးရမိရေး အတွက် မကျီးချောင်းနယ်မြေရဲစခန်း၌ (ပ) ၆၀/၁၇ ပုဒ်မ ၄၃၆/၁၁၄ ဖြင့် အမှုဖွင့်လှစ် စုံစမ်းလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့နယ် ၊ ပန်းဘဲတောင်ကျေးရွာ၌ စက်တင်ဘာ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မီးလောင် နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ နေအိမ် ၁၅ လုံး ၊ ကာလတန်ဖိုး ၁၅ သိန်းခန့် ဆုံးရှုံးခဲ့သည်။ အဆိုပါ မီးရှို့ထွက်ပြေးသွားသောတရားခံများ ဖမ်းဆီးရမိရေးအတွက် အလယ်သံကျော် နယ်မြေရဲစခန်း၌ (ပ)၂၉/၁၇ ပုဒ်မ ၄၃၆/၃၄ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်၊ ကာလာဘာကျေးရွာ ယခင်မီးလောင်ပြင်အဟောင်း၌ ကျန်ရှိနေသည့် လူနေထိုင်ခြင်းမရှိသော နေအိမ်တစ်လုံးအား စက်တင်ဘာ ၁၇ ရက် ည ၇ နာရီတွင် မီးရှို့ခံရသဖြင့် ကာလတန်ဖိုး ၃၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးရှို့ထွက်ပြေးသွားသော တရားခံများ ဖမ်းဆီးရမိရေးအတွက် မောင်တာမြို့မရဲစခန်း၌ (ပ)၂၁၄/၁၇ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်၊ ဒီပါရာကျေးရွာ ယခင်မီးလောင်ပြင်အဟောင်း၌ ကျန်ရှိနေသည့် လူနေထိုင်ခြင်းမရှိသော နေအိမ်ငါးလုံးအား စက်တင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် မီးရှိုခံရသဖြင့် ကာလတန်ဖိုး ၁၅၀၀၀၀ ကျပ် ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးရှို့ထွက်ပြေးသွားသော တရားခံများ ဖမ်းဆီးရမိရေးအတွက် မောင်တာမြို့မရဲစခန်း၌ (ပ)၂၁၆/၁၇ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်လှစ် စုံစမ်းလျက် ရှိကြောင်းသိရသည်။
မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်၊ ဒီပါရာကျေးရွာ ယခင်မီးလောင်ပြင်အဟောင်း၌ ကျန်ရှိနေသည့် လူနေထိုင်ခြင်းမရှိသော နေအိမ်တစ်လုံးအား စက်တင်ဘာ ၂၄ ရက် ညနေ ၅ နာရီခွဲတွင် မီးရှို့ခံရသဖြင့် ကာလတန်ဖိုး ၃၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးရှို့ထွက်ပြေးသွားသော တရားခံ များ ဖမ်းဆီးရမိရေးအတွက် မောင်တာမြို့မရဲစခန်း၌ (ပ)၂၁၇/၁၇ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်းသိရသည်။
မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက် ၊ ဟိန္ဒူရွာမှ လူနေထိုင်ခြင်းမရှိသော နေအိမ်သုံးလုံးအား စက်တင်ဘာ ၂၆ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် မီးရှို့ခံရသဖြင့် ကာလတန်ဖိုး ၁၅၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးရှို့ထွက်ပြေးသွားသော တရားခံများ ဖမ်းဆီးရမိရေးအတွက် မောင်တာမြို့မရဲစခန်း၌ (ပ)၂၁၈/၁၇ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်းသိရသည်။
မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်၊ ဘင်္ဂါလီရွာမှ လူနေထိုင်ခြင်းမရှိသော နေအိမ် ၁ လုံးအား စက်တင်ဘာ၂၇ ရက်ညနေ ၆နာရီ ၄၅ မိနစ်တွင် မီးရှို့ခံရသဖြင့် ကာလတန်ဖိုး ၃၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရ၍ မောင်တောမြို့မစခန်း၌ (ပ) ၂၁၉/၁၇ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူနိုင်ရန် စုံစမ်းစစ်ဆေး လျက်ရှိသည်။
သြဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် ရခိုင်တိုင်းရင်းသား (၁၀၀) ဦးခန့်သည် ရာဇာဘီကျေးရွာ၌ ဘင်္ဂါလီရွာသားများ မရှိဟုယူဆပြီး ကျေးရွာအား ဖျက်ဆီးရန်ဝင်ရောက်စဉ် တိမ်းရှောင်နေသည့် ဘင်္ဂါလီ ရွာသားများမှ ရုတ်တရက်ထွက်ပေါ်လာပြီး ပဋိပက္ခဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲဝင်များသည် ယင်းလူအုပ်စု အား ရှင်းလင်းခဲ့ရာ ပီပီ (ခ) ကျော်မြင့်နိုင်ပါ(၄) ဦးသည် ဘင်္ဂါလီလူအုပ်စုကြား လူစုကွဲပါ သွားပြီး အသတ်ခံခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပီပီ (ခ) ကျော်မြင့်နိုင်ပါ (၄)ဦးတို့အား (၃)မိုင်ရွာအနီးတွင် ARSA အစွန်ေးရာက် အကြမ်းဖက် သမား (၁၀၀) ဦးက သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရ၍ ပြင်ဖြူနယ်မြေစခန်း၌ (ပ) ၄၂/ ၁၇၊ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၄ ဖြင့် အမှုဖွင့်အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို အလေးပေး ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရထံမှ သတင်းရရှိသည်။

Ref; Information Committee

No comments:

Post a Comment