နေပြည်တော် သြဂုတ် ၁
ပျက်ကျ Y-8 လေယာဉ်၏
ကျန်ရှိသည့် အစိတ်အပိုင်းများအား ထပ်မံရှာဖွေတွေ့ရှိစေရေး တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်
ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများ
ဆက်လက်လုပ်ဆောင်လျက်ရှိရာ
ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းတွင် ဆိုနာစနစ်ဖြင့် ရှာဖွေရရှိသည့် ပုံရိပ်များအပေါ်မူတည်၍
လေယာဉ် အမြီးပိုင်းရှာဖွေ တွေ့ရှိခဲ့သည့် အနီးတစ်ဝိုက်၌ ဒေသခံငါးဖမ်းစက်လှေ ၂ စီးက
ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေရာ လေယာဉ် တာယာဘီး ၁ လုံး အပါအ၀င် ကိုယ်ထည်အစိတ်အပိုင်း
၁၀ ခုအား ထပ်မံရှာဖွေတွေ့ရှိဆယ်ယူရရှိခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment