Tuesday, August 1, 2017

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်



 ချောက်      သြဂုတ် ၁ ရက်

ဧရာဝတီမြစ်ရေတက်လာမှုကြောင့် ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းနံဘေးရှိ လက်ပံကျွန်းကျေးရွာ အမကကျောင်း၊ သာစည်ကျွန်းကျေးရွာ အမကကျောင်းနှင့် ကျွန်းသစ်(အရှေ့) အမကကျောင်းတို့သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် လည်းကောင်း၊ ပဒေသာကျွန်းကျေးရွာ အလကကျောင်းနှင့် ရေလယ်တောင်ကျေးရွာ အမက(မူလွန်)ကျောင်းတို့သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် လည်းကောင်း ပိတ်ထားခဲ့ရာမှ သာစည်ကျွန်းကျေးရွာ အမကကျောင်း၊ ကျွန်းသစ်အရှေ့ အမကကျောင်း၊ ပဒေသာကျွန်းကျေးရွာ အလကကျောင်း နှင့်ရေလယ်တောင်ကျေးရွာ အမက(မူလွန်)ကျောင်းတို့အား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်းနှင့်
လက်ပံကျွန်းကျေးရွာ အမကကျောင်းအား ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မချို( ချောက်)

No comments:

Post a Comment