နေပြည်တော် သြဂုတ် ၁၆
နိုင်ငံတော်သမ္မတ၏
ဇနီး၊ အာဆီယံအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (WAIPA-Women
Parliamentarians of AIPA) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်သည် အာဆီယံပါလီမန်များ
ညီလာခံ အထွေထွေအတွင်းရေးမှူးချုပ် Hon.Mr.Isra Sunthornvut, Secretary General of
AIPA အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ကော်မတီ ရေးရာဆောင် (I-5) ၌
လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဖိလစ်ပိုင်နိုင်ငံ၊
မနီလာမြို့၌ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း ကျင်းပမည့် (၃၈) ကြိမ်မြောက် အာဆီယံပါလီမန်များ
အထွေထွေညီလာခံ၌ အာဆီယံအမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များကော်မတီ အစည်းအဝေးဆိုင်ရာ
ကိစ္စရပ်များ၊ ဒေသတွင်း အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေးနှင့် ဖွံ့ဖြိုး
တိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအကြောင်းကို ဆွေးနွေးသည်။
ယင်းတွေ့ဆုံပွဲသို့
အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ ဦးဇော်သိန်း ပူးပေါင်းကော်မတီဝင်
ဒေါ်ပြုံးကေသီနိုင်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဝင် ဦးဖြိုးဇေယျာသော်
တို့တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment