နေပြည်တော် သြဂုတ် ၁၆
အာဆီယံပါလီမန်များညီလာခံဆိုင်ရာ
ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် အာဆီယံပါလီမန်များညီလာခံ အထွေထွေအတွင်းရေးမှူးချုပ်
Mr. Isra Sunthornvut အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ကော်မတီရေးရာဆောင်
(I-5) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် AIPA အဖွဲ့အစည်း
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲသင့်သည့်အချက်များ၊ AIPA Awareness
Program ကို လူထုပိုမိုသိရှိရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဒေသအတွင်း လူမှုစီးပွားတိုးတက်မှု
အခြေအနေများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ အာဆီယံဒေသအတွင်း လွှတ်တော်များဆိုင်ရာ
သိရှိလိုသည့် အကြောင်းအရာများ၊ (၃၈) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံတွင်
ဆောင်ရွက်မည့်ကိစ္စရပ်များ ကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment