မလေးရှားနိုင်ငံတွင်
ကျင်းပပြုလုပ်လျက်ရှိသည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ ယနေ့ည
(၇:၁၅) မိနစ်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့် လာအိုအသင်းတို့၏ ဘောလုံးပွဲစဉ်အား
ထုတ်လွှင့်ပြသနိုင်ရန် အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ညှိနှိုင်းမေတ္တာရပ်ခံချက်အရ
မလေးရှား Sea Game ပြိုင်ပွဲကျင်းပရေး ကော်မတီသည် Social Media ပေါ်တွင် Live
Streaming ရိုက်ကူးထုတ်လွှင့်မှုအား သဘောတူညီခဲ့ပါသည်။
မြန်မာ့ဘောလုံးချစ်ပရိသတ်များ
မျှော်လင့်စောင့်စားနေသည့် မြန်မာ-လာအို အသင်းတို့၏ ဘောလုံးပွဲစဉ်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏
Social Media ပေါ်တွင် Live Streaming လွှင့်တင်ထားမှုကို မြန်မာ့ရုပ်မြင်သံကြားမှ ပြန်လည်ဖမ်းယူ၍
ယနေ့ည (၆:၅၀) နာရီအချိန်မှ စတင်ပြီး မြန်မာ့ရုပ်မြင်သံကြား၊ MRTV Sport Channel၊ မြန်မာ့အသံ
(ရေဒီယို) တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသ ပေးသွားမည်ဖြစ်ပါသည်။
ထိုသို့ Social
Media ပေါ်မှ ဖမ်းယူပြသရသည့်အတွက် နည်းပညာအခက်အခဲနှင့် စက်မှုပိုင်းဆိုင်ရာ အခက်အခဲများ
တွေ့ကြုံနိုင်ပါသဖြင့် ရုပ်သံအရည်အသွေးမကောင်းခြင်း၊ Live ထုတ်လွှင့်မှု ခေတ္တပြတ်တောက်ခြင်းများ
ဖြစ်ပေါ်နိုင် သည်ကို မြန်မာ့ရုပ်မြင်သံကြားရဲ့ မြန်မာဘောလုံး ချစ်ပရိသတ်များအနေဖြင့်
သည်းခံခွင့်လွှတ်ကြပါရန် အနူးအညွတ် ကြိုတင်မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
No comments:
Post a Comment