Saturday, August 5, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့သည် Senri Hankyu Hotel ၌ Daihatsu မော်တော်ကား ကုမ္ပဏီ ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီး Daihatsu မော်တော်ကားများအား သွားရောက်လေ့လာ


နေပြည်တော် သြဂုတ်  

ဂျပန်နိုင်ငံ၊ Tokyo မြို့၌ အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် Tokyo မြို့မှနေ၍ Shinkansen ကျည်ဆန်ရထားဖြင့် Shin-Osaka မြို့သို့ ရောက်ရှိပြီး Senri Hankyu Hotel ၌ Daihatsu မော်တော်ကား ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံသည်။


မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Daihatsu မော်တော်ကား ကုမ္ပဏီကို သွားရောက် လေ့လာကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် Shin-Osaka မြို့မှ မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာလာကြပြီး Kyoto မြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာ (State Guest House) သို့ ရောက်ရှိကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့အား ညနေပိုင်းတွင် ဂျပန်နိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး H.E. Mr. Taro ASO က Kyoto မြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာ (State Guest House) ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment