Saturday, August 5, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကျေးလက်ပြည်သူများ စကားဝိုင်း (Peace Talk) တိုက်ရိုက်ထုတ်လွှင့်မည်

 နေပြည်တော် သြဂုတ် ၅
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်ပြည်သူ များစကားဝိုင်း (Peace Talk) ကို သြဂုတ် (၇) ရက် နံနက် (၁၀) နာရီ၌ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် ၀မ်းတွင်း မြို့နယ် မြေတိုင်ကန်ကျေးရွာမှာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေး စကားဝိုင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အတူ မြေတိုင်ကန်ကျေးရွာသူ ကျေးရွာသား (၈)ဦးတို့ ပါဝင် ဆွေးနွေးကြမည်ဖြစ်ပြီး စကားဝိုင်း အစီအစဉ်ကို မြန်မာ့ရုပ်မြင်သံကြား MRTV ရုပ်သံလိုင်းနှင့် မြန်မာ့အသံရေဒီယို အစီအစဉ်၊ Myanmar State Counsellor Office နှင့် Myanmar President Office တို့၏ တရားဝင် Facebook စာမျက်နှာများမှတစ်ဆင့် ၎င်းနံနက်(၉)နာရီ (၄၅)မိနစ် အချိန်မှ စတင်၍ တိုက်ရိုက် Live ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း  သိရှိရသည်။ 

(သတင်းစဉ်)

No comments:

Post a Comment