Wednesday, August 30, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စု The Richardson Center ဥက္ကဋ္ဌနှင့် Gavi – The Vaccine Alliance အဖွဲ့အစည်း၏ ဒုတိယအမှုဆောင် အရာရှိချုပ်နှင့် ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့မှ လွှတ်တော်အမတ်များအား သီးခြားစီ လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် ၃၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် အမေရိကန် ပြည်ထောင်စု The Richardson Center ဥက္ကဋ္ဌ၊ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mr.Bill Richardson အား ယနေ့နံနက် ၁၀ နာရီတွင်လည်းကောင်း၊

Gavi – The Vaccine Alliance အဖွဲ့အစည်း၏ ဒုတိယအမှုဆောင် အရာရှိချုပ် Mrs. Anuradha Gupta နှင့် ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့မှ လွှတ်တော် အမတ်များအား နံနက် ၁၁ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

အမေရိကန် ပြည်ထောင်စု The Richardson Center ဥက္ကဋ္ဌ၊ နယူးမက္ကစီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်းနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု  တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။  

Gavi – The Vaccine Alliance အဖွဲ့အစည်း၏ ဒုတိယ အမှုဆောင် အရာရှိချုပ် Mrs. Anuradha Gupta နှင့် ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့မှ လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ အစိုးရနှင့် Gavi အဖွဲ့အစည်းတို့ အကြား လက်ရှိ ဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးထိုးခြင်း အစီအစဉ် တွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် ယင်းကဏ္ဍတွင် အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုနှင့် ကူညီထောက်ပံ့မှု ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment