Wednesday, August 30, 2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း Uber ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် သြဂုတ် ၃၀

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Uber ကုမ္ပဏီမှ မူဝါဒရေးရာနှင့် စည်းမျဉ်းဥပဒေ ဆိုင်ရာ ဦးဆောင် အရာရှိဖြစ်သူ Mr Ben Brooks နှင့် အဖွဲ့အား ယနေ့ နံနက် ၁၀နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-1) ၌ လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ် Mr Ben Brooks က Uber ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် Ride Share စနစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး E-government ဆိုင်ရာ ကိစ္စရပ်များ၊ အင်တာနက်အခြေပြု မြို့တွင်းပြေး အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ နည်းဥပဒေ ကိစ္စရပ်များနှင့် Uber ၏ နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး‌ခဲ့ကြကြောင်း သတင်းရရှိသည်‌။

(သတင်းစဉ်)

No comments:

Post a Comment