Thursday, August 10, 2017

ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mr.Chung Sye –Kyun နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိ

ရန်ကုန် သြဂုတ် ၁၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mr. Chung Sye-Kyun သည် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့နံနက် ၈ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ Minister Counsellor H.E. Mr. Kim Jung Han နှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ ၁၂နာရီ မိနစ် ၂၀ တွင် နေပြည်တော်သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိကြရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment