Thursday, August 10, 2017

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော် သြဂုတ် ၁၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ဦးဆောင်သော အဖွဲ့နှင့် ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်‌ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်‌ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးနှင့် လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှု ဆိုင်ရာ အတွေ့အကြုံများ မျှဝေပေးနိုင်ရေး၊ နည်းပညာများ ကူညီပံ့ပိုးပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun တို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်၏ ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment