နေပြည်တော် သြဂုတ် ၁၆
နိုင်ငံတစ်ဝန်းတွင်
လတ်တလော ပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါ လက္ခဏာဖြင့် ပြသသူ ၆၈၇ ဦးရှိပြီး Influenza
A(H1N1)pdm09 ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ၂၆၂ ဦး နှင့် ဓာတ်ခွဲ အတည်ပြု သေဆုံးသူ ၂၆
ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။
သြဂုတ် (၁၅) ရက် မွန်းလွဲ
၂ နာရီမှ သြဂုတ် ၁၆ ရက် မွန်းလွဲ ၂ နာရီအထိ ရာသီတုပ်ကွေးရောဂါ Seasonal
Influenza A(H1N1)pdm09 သံသယလူနာ (၃၉)ဦး အား ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွင် H1N1 ပိုးတွေ့လူနာ
၂၀ တွေ့ရှိခဲ့ရပြီး ထပ်မံ သေဆုံးသူလူနာ (၁) ဦးရှိကြောင်း သိရသည်။ ကချင်ပြည်နယ်နှင့်
ကယားပြည်နယ် တို့တွင် ဖြစ်ပွားမှု၊ သံသယလူနာ တွေ့ရှိမှု၊ သေဆုံးမှု လုံးဝမရှိကြောင်း သိရှိရပြီး
ဇူလိုင် (၂၁)ရက်မှ ယနေ့ မွန်းလွဲ ၂ နာရီ အထိ ကျန်တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရာသီ
တုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm09) ဖြစ်ပွားမှု အခြေအနေမှာ-
(စဉ်) (တိုင်းဒေသကြီး/
ပြည်နယ် လတ်တလောပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင်
ရောဂါ လက္ခဏာဖြင့် ပြသသူဦးရေ) (Influenza A(H1N1) pdm09 ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ ဦးရေ)
(ဓာတ်ခွဲအတည်ပြုသေဆုံးသူဦးရေ)
၁
ကရင်ပြည်နယ် ၁၂
၈ ၁
၂
ချင်းပြည်နယ်
၆၆ ၁၃ ဝ
၃
စစ်ကိုင်းတိုင်းဒေသကြီး ၁၅ ၁၀ ၁
၎
တနင်္သာရီတိုင်းဒေသကြီး ၂၀ ၁၄ ဝ
၅
ပဲခူးတိုင်းဒေသကြီး ၇၉
၃၇ ၃
၆
မကွေးတိုင်းဒေသကြီး ၁၇ ၁၀
၂
၇
မန္တလေးတိုင်းဒေသကြီး ၁၆ ၁၄ ၁
၈
မွန်ပြည်နယ်
၁၁ ၆
၁
၉
ရခိုင်ပြည်နယ်
၇ ၃
ဝ
၁၀
ရန်ကုန်တိုင်းဒေသကြီး
၃၂၃ ၈၁ ၇
၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)
၉ ၃
ဝ
၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း) ၁၄
၁၀ ဝ
၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၅
၂ ဝ
၁၄
ဧရာဝတီတိုင်းဒေသကြီး ၇၃
၃၅ ၁၀
၁၅
နေပြည်တော်
၂၀ ၁၆ ဝ
စုစုပေါင်း
၆၈၇ ၂၆၂ ၂၆
H1N1 ပိုးတွေ့ရှိသော်လည်း
ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုး ကျိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြားရောဂါအခံများကြောင့်
ယနေ့အထိသေဆုံး သူ စုစုပေါင်း (၁၉)ဦးရှိသည်။
ယနေ့ မွန်းလွဲ ၂ နာရီအထိအထူးကုဆေးရုံကြီး
(ဝေဘာဂီ) တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၆)ဦး၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများတွင်
H1N1 ပိုးတွေ့ အတွင်းလူနာ (၅၂)ဦး၊ စုစုပေါင်း (၅၈)ဦးဆက်လက်ဆေးဝါး ကုသမှုခံယူ လျက်ရှိပြီး
အများစုမှာ သက်သာလျက်ရှိကြောင်း သိရသည်။
ယနေ့ H1N1 ပိုးတွေ့လူနာ ၂၀
အနက် တစ်အိမ်တည်းအတူနေမိသားစုဝင် (၃)ဦး၊ အဆောက်အဦတစ်ခု အတွင်း လူစုလူဝေးနှင့် နေထိုင်သူများမှ
(၃) ဦးတို့တွင် H1N1ပိုး စမ်းသပ်တွေ့ရှိရသဖြင့် အတူနေထိုင်သူ များ အကြားတွင် ရောဂါပိုးကူးစက်နိုင်
သည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော
နှိုးဆော်ချက်များအတိုင်း အထူးအလေးဂရုပြုလိုက်နာကြပါရန် လိုအပ်ကြောင်း။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်
လတ်တလောပြင်းထန် အသက်ရှူ လမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်နေသူများတွင် H1N1 ပိုးတွေ့လူနာများ
သာမက ပိုးမတွေ့လူနာများအား လတ် တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ ကုသရေးလမ်းညွန်များ
အတိုင်းထိရောက်သော ကုသမှု များရရှိရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ ထုတ်ပြန်ချက်အရ
သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment