Wednesday, August 16, 2017

မောင်​​တောမြို့၊ ဘူးသီး​တောင်​မြို့၊ ရ​သေ့​တောင်​မြို့ (​မေယု​ဒေသ) လက်​ရှိဖြစ်စဉ်များနှင့်​ ပတ်​သက်​၍ သတင်​စာရှင်းလင်းပွဲကျင်းပ

နေပြည်တော် သြဂုတ် ၁၆
မောင်​​တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့ (မေယုဒေသ) လက်ရှိဖြစ်စဉ် များနှင့် ပတ်သက်၍ သတင်းစာ ရှင်း လင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင်  မောင်​​တောမြို့ သိရိမင်္ဂလာခန်းမ၌ ကျင်းပသည်

သတင်းစာရှင်းလင်းပွဲတွင် အောင်​​မြေဗောဓိသာသနာ့ရိပ်သာ ဆရာတော် ဦးမဏိသာရ၊ အောင်မင်္ဂလာကျေးရွာ ဆရာတော် ဦးသီလဝံသနှင့် ဘူးသီးတောင်မြို့အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဦးသောဘိတတို့က သြဝါဒစကားမိန့်ကြားကြပြီး ဘူးသီးတောင်မြို့နယ်နှင်​​မောင်​​တောမြို့နယ်တို့မှ ပြည်နယ်လွှတ်​​တော်ကိုယ်စားလှယ် ဦးထွန်အောင်သိန်းနှင့် ဦးမောင်အုံးတို့က အဖွင့်အမှာစကားပြောကြားကြသည်။
ထို့နောက် ၂၀၁၂ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ မောင်​​တောမြို့၊ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့တို့တွင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မြို့နယ်အလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်
ယင်နောက် တာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်​​ရေးဆိုင်ရာ အခြေအနေများ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေများအား ရှင်းလင်းတင်ပြကြသည်
ထို့နောက် တက်​​ရောက်လာကြသော မီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ရှင်းလင်ဖြေကြားကြသည်
သတင်းစာရှင်းလင်းပွဲ ကျင်းပရခြင်းနှင့်ပတ်သက်မောင်​​တောမြို့ အ​​ရေးပေါ် ကူညီပံ့ပိုးရေးအဖွဲ့ဥက္ကဌ က " ကျွန်​​တော်တို့ဒေသရဲ့အခြေအနေတွေ၊ ဒေသခံတွေ တကယ်လက်​​တွေ့ ခံစားနေရတဲ့ အခြေအနေတွေ၊ ဒီဒေသမှာ အရင်အချိန်​​တွေမှာ ဘ​​တွေဖြစ်ခဲ့တယ်၊ အခုပစ္စုပန်မှာဘာတွေဖြစ်​​နေတယ်နောက်အနာဂတ်မှာ ဘာတွေ ဆက်လုပ်ဖို့ရှိတယ်ဆိုတာတွေကို မီဒီယာတွေသိရှိပြီး တစ်နိုင်ငံလုံးကို တင်ပြသွားနိုင်ဖို့ ကျင်းပတာဖြစ်ပါတယ်" ဟုပြောသည်
တွေ့ဆုံပွဲတက်​​ရောက်လာသည်ကျေးရွာသားတစ်ဦးက "ကျွန်​​တော်တို့ဆီမှာ လုံလုံခြုံခြုံမရှိသ၍ နေရတာအဆင်ပြေဘူး၊ ဒါကြောင့် စီးပွားရေး၊ လုံခြုံရေး ဟာအရေးကြီးတဲ့အတွက် နှီးနှောဆွေးနွေးဖို့ လာခဲ့တာပါ။ ကျွန်​​တော်တို့နယ်​​မြေ မအေးချမ်းသ၍ စီးပွားရေးတွေ ကျဆုံးရပါတယ်။ အခက်အခဲအမျိုးမျိုးကြုံတွေ့ရပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ အစည်းအဝေးတက်တာ ဖြစ်ပါတယ်။" ဟုပြောသည်
တွေ့ဆုံပွဲသို့ ​​ပြည်နယ်လွှတ်​​တော်ကိုယ်စားလှယ်များ၊ မောင်​​တောမြို့ အ​​ရေးပေါ် ကူညီပံ့ပိုးရေးအဖွဲ့ဝင်များ၊ မောင်တောမြို့၊ ဘူးသီးတောင်​​မြို့နှင့် ရသေ့တောင်မြို့များမှ သံဃာတော်များနှင့် ရပ်မိရပ်ဖများ၊ သတင်းမီဒီယာများ တက်​​ရောက်ကြသည်

သတင်း၊ ဓာတ်ပုံ - မျိုးသူဟိန်

No comments:

Post a Comment