Wednesday, August 16, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နီပေါနိုင်ငံသံအမတ်ကြီး H. E. Mr. Bhim K. Udas အားလက်ခံတွေ့ဆုံ

နေပြည်တော် သြဂုတ် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Bhim K. Udas အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံကြားကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment