Wednesday, August 2, 2017

H1N1 ဟု သံသယရှိသည့် လူနာတစ်ဦး ပြည်နယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူ



ဟားခါး             သြဂုတ်             

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ H1N1 ဟု ယူဆရသည့် လူနာအမျိုးသမီးတစ်ဦးအား သြဂုတ် ၁ ရက်နေ့က ဟားခါးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းဆေးကုသပေးလျက်ရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာတွင် ကျန်းမာရေးကြီးကြပ်(၁) တာဝန်ထမ်းဆောင်လျက်ရှိသူ ဆရာတစ်ဦးသည် ဇူလိုင်လကုန် ပုံမှန်အစည်းအဝေး တက်ရောက်ရန် ဇူလိုင် ၂၉ ရက်က ထန်တလန်မြို့သို့ သွားရောက်စဉ် နှာစေး၊ ကိုယ်ပူပြီး ဖျားနေသည့်အတွက် ထန်တလန်ဆေးရုံတွင် ပြသရာ ဆရာဝန်ကြီးများက H1N1 ရောဂါသံသယရှိသဖြင့် ဟားခါးမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့ စစ်ဆေးကုသမှုခံယူရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ လူနာ၏ ရောဂါပိုးအား သိရှိနိုင်ရန်အတွက် ရန်ကုန် အမျိုးသားဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့ ဆောင်ရွက်လျက်ရှိပြီး လူနာအား ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် အထူးကြပ်မတ် ကုသလျက်ရှိကာ စိုးရိမ်ဖွယ် မရှိကြောင်း သတင်းရရှိသည်။
(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment