Wednesday, August 2, 2017

မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖြစ် အကြည်ဘန်းကျေးရွာတွင် ယက္ကန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ



ထီးလင်း သြဂုတ် ၂
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အကြည်ဘန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖြစ် ယက္ကန်းလုပ်ငန်းကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး ယောလုံချည် အဆင်များကို ရက်လုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ရက်လုပ်ရာတွင် ချိတ်လုံချည်ကို ရက်လုပ်မှုများပြီး အဆိုပါလုပ်ငန်းအတွက် တစ်ဦးလျှင် ကျပ်လေးသိန်း ချေးငွေ ရရှိခဲ့ကာ ချည်ဝယ်ခြင်း အပါအဝင် ဆက်စပ်လုပ်ငန်းများ လုပ်ဆောင်ကြောင်း၊ ချိတ်လုံချည်တစ်ကွင်းအတွက် အရင်းအနှီး ၃၂၀၀ ကျပ် ကျသင့်ကာ ရောင်းဈေးမှာ ၁၂၀၀၀ ကျပ် ရရှိသဖြင့် မြန်မြန်ပြီးအောင် ရက်နိုင်လေ အကျိုးရှိလေဖြစ်ကာ အိမ်အလုပ်လဲ မပျက်၊ ယက္ကန်းလဲ ခတ်နိုင်သဖြင့် ဝမ်းသာပါကြောင်း  လုပ်ငန်းဆောင်ရွက်သူ တစ်ဦးဖြစ်သည့် မခင်ပေါဝင်း ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကျေးရွာတွင် ယက္ကန်းလုပ်ငန်းအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဂန့်ဂေါခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးဝင်းအောင်သည် ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးသိန်းညွန့်ဟန်နှင့်အတူ သြဂုတ် ၁ ရက်က သွားရောက်ကွင်းဆင်း အားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment