Wednesday, August 2, 2017

ကျောက်ပန်းတောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ဘုတ်တွင် ရာသီပေါ်တုတ်ကွေးရောဂါ H1 N1 နှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဗီနိုင်းဖြင့် ချိတ်ဆွဲပြသထားရာ လေ့လာဖတ်ရှုသူများပြား



ကျောက်ပန်းတောင်း      သြဂုတ်   
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်ရုံးရှေ့ နံရံကပ် ဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်ချက်ဓာတ်ပုံမှတ်တမ်းများနှင့် ရာသီပေါ်တုတ်ကွေးရောဂါ  H1N1 ကာကွယ်ရေးဆိုင်ရာပညာပေး စာများကို၊ သြဂုတ်(၂)ရက်နေ့၊ နံနက်ပိုင်းမှစ၍    ချိတ်ဆွဲပြသပေးထားရာ လာရောက်လေ့လာဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော် နေ့ကြီး၊ ရက်ကြီး အခမ်းအနားများနှင့်မူးယစ်ဆေးဝါးအသိပညာပေးခြင်းဆိုင်ရာ လှုပ်ရှားမှုများ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အသိပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရုံးတွင်း ပြခန်းများဖွင့်လှစ်ပြသခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်း၊ ရာသီပေါ်ရောဂါများဖြစ်ပွားခြင်းတို့ ရှိပါက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကြော်ငြာဘုတ်တွင် အများပြည်သူသိရှိစေရန် အသိပေးချိတ်ဆွဲခြင်းများဆောင်ရွက်လျက်ရှိရာ ယခုလတ်တလော ဖြစ်ပေါ်နေသည့် ရာသီပေါ်တုတ်ကွေးရောဂါ H1N1 နှင့်ပတ်သက်၍  ရောဂါဖြစ်ပွားကူးဆက်နိုင်သည့် အခြေအနေများနှင့်၊ ကူးဆက်မှု မရှိစေရန် ကြိုတင်ကာကွယ်ရေးဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့်အတိုင်း ဗီနိုင်းဖြင့် ရေးဆွဲပြသထားရာ ကျေးလက်နေပြည်သူများမှ စိတ်ပါဝင်စားစွာလာရောက်ဖတ်ရှု လေ့လာကြကြောင်း သိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)

No comments:

Post a Comment