Wednesday, August 2, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပါကစ္စတန် အစ္စလာမ္မစ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အီသီယိုးပီးယား ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာပေးအပ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် အစ္စလာမ္မစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး ဒေါက်တာ ခါလစ် ဟူစိန် မန်မွန် သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၄င်း၏ သံအမတ်ခန့်အပ်လွှာ ကိုပေးအပ်သည်။

အလားတူ  နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုး ပီးယား ဖက်ဒရယ် ဒီမို ကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် သံအမတ်ကြီး   မစ္စတာ အက်စ်စဖော ဒင်ဂမို ကာမီ သည်  ညနေ ၃ နာရီ ၅ မိနစ်တွင် ၄င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ် သည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားများသို့ သမ္မတရုံးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသန့်စင် တို့ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment