Wednesday, August 16, 2017

ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌဦးကျော်မြင့် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဦးမျိုးအောင်ထွေး ဦးဆောင်သော အဖွဲ့အားတွေ့ဆုံ

နေပြည်တော် သြဂုတ် ၁၆
ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်တို့သည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဦးမျိုးအောင်ထွေးဦးဆောင်သောအဖွဲ့အား ယနေ့နံနက်၈နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာ ဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် လယ်ယာမြေဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အကြံပြုချက်များနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)  

No comments:

Post a Comment