Wednesday, August 16, 2017

လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် သြဂုတ် ၁၆
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အမှာစကား ပြောကြားသည်။
ယင်းနောက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်းအဖွဲ့ ဥက္ကဌကိုယ်စား အတွင်းရေးမှူး၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးက လုပ်ငန်းဆောင်ရွက်ချက် များအား ဆွေးနွေးတင်ပြပြီး ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဌက လုပ်ငန်းဆောင်ရွက်ချက် များအား ဆွေးနွေးတင်ပြသည်။
ထို့နောက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ဥက္ကဌက လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြ ကြသည်။
၂၀၁၇ ခုနှစ် အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှုအစီရင်ခံစာပါ အကြံပြုချက်များနှင့် ပတ်သက်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ်က ရှင်းလင်းတင်ပြ၍ အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှုအစီရင်ခံစာပါ အကြံပြုချက်များနှင့် စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment