နေပြည်တော် ဩဂုတ် ၁၆
ကျေးလက်နေပြည်သူများ၏
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသားပို့ဆောင် ရေးပင်မစီမံကိန်းအား အထောက်အကူဖြစ်စေရေး၊
ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက် ပေးရန် ရည်ရွယ်ချက်ဖြင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန အသစ်တိုးချဲ့ဖွဲ့စည်းသော ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန
နှင့် ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်
(၁၁) ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဌ၊
မန်းဝင်းခိုင်သန်း တက်ရောက်အားပေးသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ
ဖြစ်ကြသော ဦးအုန်းဝင်း ၊ ဦးဝင်းခိုင် ၊ ဦးခင်မောင်ချို ၊ ဦးအုန်းမောင် ၊ နိုင်သက်လွင်
၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီးနှင့် သံရုံးအဖွဲ့ဝင်များ ၊ လွှတ်တော်ရေးရာကော်မတီဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများ
၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ၊ သတင်းမီဒီယာအဖွဲ့များ
တက်ရောက် ကြသည်။
အခမ်းအနား ပထမပိုင်းတွင်
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်က အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူကိုမျက်နှာမူ၍ ဆောင်ရွက်သည့် လုပ်ငန်းများတွင်
ကျေးလက်လမ်း ဖွံ့ဖြိုးရေးသည် အလွန်အရေးပါကြောင်း၊ ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်း
၊ တိုင်းဒေသကြီး/ပြည်နယ်မှ စီမံခန့်ခွဲသောလမ်း၊ ကျေးလက်လမ်းဟူ၍ လမ်းအမျိုးအစားများရှိရာ
ကျေးလက်လမ်း(ကျေးရွာကုန်ထုတ်လမ်း) ၊ ကျေးရွာချင်းဆက်လမ်းတို့မှာ ကီလိုမီတာ တစ်သိန်းနီးပါးရှိပါကြောင်း။
Expressway Arterial
Road တို့ကို Rural Road ဖြင့် ဆက်စပ်နိုင်ရေးအတွက် ယခုအသစ် ဖွဲ့စည်းလိုက်သော ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနက
အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ လူမှုရေး ၊ စီးပွားရေး
၊ ပညာရေး ၊ ကျန်းမာရေး ၊ စီမံခန့်ခွဲရေး ၊ နိုင်ငံတော်လုံခြုံရေးစသည့် ကိစ္စတို့ဆောင်ရွက်ရသော
Functional ဌာနတစ်ခုလည်းဖြစ်ပါကြောင်း ၊ နိုင်ငံတော်၏ National Master Plan ၊
Integrated Plan တို့ကို စီမံဆောင်ရွက်ရာမှာ လမ်းလုပ်ငန်းတွေကို Umbrella တစ်ခုတည်း၏
လက်အောက်တွင် ထားရှိဆောင်ရွက်ပါက ပိုမိုထိရောက် အကျိုးရှိမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏
Export ကို ကြည့်မည်ဆိုလျှင်လည်း ကျေးလက်ထုတ်ကုန်များက ၉၆% ရှိပြီး Export လုပ်နိုင်ရန်
အတွက် ကျေးလက်ကုန်ထုတ်လမ်းမှတဆင့် သယ်ယူပို့ဆောင်ရေး လမ်းမကြီးတွေကို ရောက်ရှိရန် အမြန်ဆုံး၊
ဈေးအသက်သာဆုံးဖြင့် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်
Transportation Cost သက်သာရေးအတွက် ကျေးလက်လမ်းတွေက လွန်စွာအရေးကြီးပါကြောင်း။
ယခုဖွဲ့စည်းသော ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာနမှာ
ကျေးလက်နေ ပြည်သူတို့၏ လိုအပ်ချက်ကို ကြိုတင် မျှော်တွေးကာ ကြိုတင်စီမံ ဆောင်ရွက်ပြီး
လုပ်ငန်းပမာဏအရ လိုအပ်သည့် ငွေကြေးပမာဏကို စနစ်တကျ ပွင့်လင်းမြင်သာစွာ သုံးစွဲပြီး
တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုချင်းစီအလိုက် Pilot Project တစ်ခုစီရွှေးချယ်၍ အောင်မြင်အောင်
ဆောင်ရွက်သွားရန် ရည်မှန်းထားပါကြောင်းနှင့် ပြည်သူများနှင့် နိုင်ငံတော်အတွက် အမှန်တကယ်
အကျိုး ရှိမည့်ဌာန ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနအတွက်သာမက
မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးမျက်နှာစာတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်လိုက် သောနေ့လည်းဖြစ်သည့်အတွက်
မင်္ဂလာရှိသောနေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးရှိ
လမ်း၊ တံတား ၊ အဆောက်အဉီများ ပြည်သူတွေနေထိုင်ရေး အဆင်ပြေစေရေးအတွက် လုပ်ငန်းစဉ် တွေကို
ပြည်သူနှင့်အတူ ဆောင်ရွက်ပေးလျက်ရှိနေသည်ကို တွေ့မြင် ရပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်
နဂိုရှိပြီး ကျွမ်းကျင် တတ်မြောက်ထားသည့် အင်ဂျင်နီယာအတတ်ပညာဖြင့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းတွေကို
ပေါင်းစပ်ဆောင်ရွက်လိုက်ခြင်းဖြင့် ကျေးလက်နေပြည်သူများသည် ယခု ထက်ပိုပြီး လူမှုစီးပွားဘဝ
ပိုမိုတိုးတက် လာမည် ဖြစ်ပါကြောင်း ၊ ယနေ့နိုင်ငံတော်အပိုင်းတွင်လည်း ပြည်သူများဘဝ
ငြိမ်းငြိမ်းချမ်းချမ်းနှင့် သာယာချမ်းမြေ့စေရန် အစိုးရအဖွဲ့နှင့် လွှတ်တော်အသီးသီးက
အမြဲမပြတ် ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ အစိုးရကဏ္ဍ ၊ လွှတ်တော်ကဏ္ဍ၊
ပြည်သူများကဏ္ဍ စသည်ဖြင့် အပိုင်း လိုက်ကဏ္ဍအလိုက် ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေ
ပါကြောင်း၊ တက်ညီလက်ညီ ဆောင်ရွက်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများ
ဘဝငြိမ်းချမ်းသာယာဝပြောလာမည် ဖြစ်ပါကြောင်း ။
ကျေးလက်နေပြည်သူများ၏
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဆောင်ရွက်ပေးမည့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဉီးစီးဌာန
လုပ်ငန်းစဉ်များမှာ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်
ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယခုကဲ့သို့ မွန်မြတ်သော တာဝန်များကို ထမ်းဆောင်မည့် ကျေးလက်လမ်းဖွံ့ဖြိုးရေး
ဉီးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါစေကြောင်း
ပြောကြားသည်။
၎င်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန
၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာန ၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ၊ ဦးခင်သက် က ကျေးလက်လမ်းဖွံ့ဖြိုးရေးဉီးစီးဌာန
ဖွဲ့စည်းပုံနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး
ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဦးက GIS နှင့် ပတ်သက်၍
ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. HONG LIANG က ဂုဏ်ပြု အမှာစကားပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရုံးအသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပေးအပ်ပြီး
အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်နှင့်
ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ရှေ့ဆက်လက် ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း
ဖြေကြားကြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည်
ယခင်က အဆောက်အဦဦးစီးဌာန ၊ လမ်းဦးစီးဌာန ၊ တံတားဦးစီးဌာနနှင့်
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ဖြင့် ဦးစီးဌာန(၄)ခု ဖွဲ့စည်းပြီး လမ်းပန်းဆက်သွယ်ရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေး ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြအိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ဆောင်ရွက်လျက် ရှိသည်။
ယနေ့ ဖွင့်လှစ်သည့်
အသစ်ဖွဲ့စည်းခဲ့သော ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ကျေးလက်လမ်း ၊ တံတားများ စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ ရောက်ရှိ
ရေး ၊ ကျေးလက်နေ ပြည်သူများ၏ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ကိစ္စရပ်များအတွက် ကျေးလက်
လမ်းကွန်ရက်ကို အသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ရေး ၊ အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းအား
အထောက် အကူဖြစ်ရေးတို့ကို မဟာဗျူဟာရည်မှန်းချက်ထား ဆောင်ရွက်မည် ဖြစ်သည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်ကုန်ရှိ
ကျေးလက်လမ်းများမှာ ကတ္တရာ/ကွန်ကရစ်လမ်း (၃၀၁၆) မိုင် (၆) ဖာလုံ (၆%) ၊ ကျောက်လမ်း၊
ဂဝံ/ ဂျင်းလမ်း(၁၂၀၇၅)မိုင် (၆)ဖာလုံ (၂၄%) နှင့် မြေသားလမ်း ၊ ဂျစ်ကား / ဆိုင်ကယ် / လှည်း / လူသွားလမ်း (၃၅၇၈၁) မိုင် (၃) ဖာလုံ (၇၀%) ၊ စုစုပေါင်း (၅၀၈၇၄)မိုင် (၃)ဖာလုံ
(၁၀၀%) ရှိပါသည်။ တံတားများ အနေဖြင့် ကွန်ကရစ်တံတား (၅၅၁၃) စင်း ၊ သစ်သားတံတား (၆၇၅၁)
စင်း ၊ ရေကျော် (၁၀၅၄) စင်း ၊ Box Culvert (၁၀၇၀၀)စင်း ၊ ကြိုးတံတား (၁၁၇)စင်း ၊ ဘေလီတံတား
(၁၈)စင်း ၊ အခြား (၈၈) စင်း စုစုပေါင်း (၂၄၂၄၁) စင်း ရှိသည်။
၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ
ကျေးရွာများအားလုံး (၈၀%)နှင့် နိုင်ငံတွင်းရှိ ကျေးလက် လူဉီးရေ၏ (၉၀%) အပေါ် ရာသီမရွေးသွားလာနိုင်သော
ကျေးလက်လမ်းများအဖြစ် အသုံးပြု နိုင်ရန် နှစ်စဉ်ရည်မှန်းချက်ထားရှိပြီး အဆင့်မြှင့်တင်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:
Post a Comment