Tuesday, August 22, 2017

အလုပ်သမားရေးရာနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၂
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့အလန်မာစီရယ်လ်အား ယနေ့ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် အလုပ်သမားရေးရာကိစ္စရပ်များ ဆောင်ရွက်နေမှုနှင့် ILO နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ-အမေရိကန် နှစ်နိုင်ငံကြား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ဝင်ဗီဇာ ဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment