Wednesday, August 2, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာ ပြပွဲသို့ တက်ရောက် အားပေး


နေပြည်တော် သြဂုတ် ၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟို ကော်မတီက ကြီးမှူးကျင်းပသည့် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင် ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အားပေးသည်။

ယနေ့ပြပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်း၊ ဒေါက် တာမျိုးသိမ်းကြီး၊ ဦးဝင်းခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာ ရင်းစစ်ချုပ်၊ ဦးမော်သန်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒုတိယသမ္မတသည် နံနက် ၉နာရီတွင် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲ ကျင်းပ လျက်ရှိသည့် မဏိရတနာကျောက်စိမ်းခန်းမသို့ ရောက်ရှိလာရာ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ နောက်ခံ သမိုင်းအကျဉ်း၊ ပြပွဲရည်ရွယ်ချက်၊ စည်းကမ်း ချက်များ၊ ပြပွဲဆိုင်ရာ အချက်အလက်များနှင့် သက်ဆိုင်သည့် ဗီဒီယိုကို မြန်မာ့ကျောက် မျက်ရတနာပြပွဲဗဟိုကော်မတီက ပြသသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း အပေါ်ထပ်၌ ဧရိယာအလိုက် ခင်းကျင်းပြသထားသည့် ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကိုလည်းကောင်း၊ ခန်းမ မြေညီထပ်၌ ခင်းကျင်းပြသထားသည့် လက် ၀တ်ရတနာ အရောင်းဆိုင်များကိုလည်းကောင်း လှည့်လည် ကြည့်ရှုရာ အသင်းဥက္ကဋ္ဌနှင့် ပြပွဲဗဟိုကော်မတီဝင်များက လိုက်လံရှင်းလင်းပြသသည်။
ယခုပြပွဲတွင် နိုင်ငံတော်နှင့်အကျိုးတူကုမ္ပဏီများက တင်ပြသည့် ကျောက်မျက် ၇၈ တွဲ၊ ပုဂ္ဂလိက ကုမ္ပဏီများကတင်ပြသည့် ကျောက်မျက် ၁၇၁ တွဲ၊ ရတနာဆိုင်များက တင်ပြ သည့် ကျောက်မျက် ၄၇ တွဲ၊ ပုဂ္ဂလိကမှ တင်ပြသည့် ကျောက်မျက် ၂၉ တွဲ၊ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက တင်ပြသည့် လက်ဝတ်ရတနာ ၁တွဲ အပါအ၀င် စုစုပေါင်း ကျောက်မျက် အတွဲ ၃၂၆ တွဲကို ခင်းကျင်းပြသထားကြောင်းနှင့် အခြေခံဈေး ယူရို ၅၀၀နှင့် အထက် ကျောက်မျက်အတွဲ ၃၂၆ တွဲပါဝင်ပြီး သြဂုတ် ၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းတွဲများအနေဖြင့် နိုင်ငံပိုင်ကျောက်စိမ်းအချောထည် အတွဲ ၂၀၊ နိုင်ငံပိုင် ကျောက်စိမ်းအရိုင်း အတွဲ ၂၀၊ နိုင်ငံတော်နှင့် အကျိုးတူကုမ္ပဏီများက တင်ပြသည့် ကျောက်စိမ်းအရိုင်းတွဲ ၂၉၀၀၊ ပုဂ္ဂလိက ကျောက်စိမ်းအရိုင်း ၃၅၄၅ တွဲ၊ ကျောက်စိမ်း မဟုတ်သော အခြားတွင်းထွက်အရိုင်း ၁၆ တွဲ၊ ပုဂ္ဂလိက ကျောက်စိမ်း အချောထည် ၂၅ တွဲ၊ ကျောက်စိမ်းဖြင့် ဆင်ယဉ်ထားသော ခုတင် ၃ လုံး၊ ကျောက်စိမ်း မဟုတ်သော အခြား တွင်းထွက် အချောထည် ၃၂ တွဲ အပါအ၀င် စုစုပေါင်းကျောက်စိမ်းအတွဲ ၆၅၆၁ တွဲကို ခင်းကျင်းပြသထားကြောင်းနှင့် အခြေခံဈေး ယူရိုငွေ ၄၀၀၀ နှင့်အထက် သတ်မှတ်ထား သည့် ကျောက်စိမ်း အတွဲပေါင်း ၆၄၈၁တွဲ၊ အခြေခံဈေး ယူရိုငွေ ၁၀၀၀ နှင့် အထက် ကျောက်စိမ်းအချောထည် အတွဲ ၈၀ ပါဝင်ပြီး သြဂုတ် ၆ ရက်မှ ၁၁ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရ သည်။
ပြပွဲဝင်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နှင့်ညီမျှ သော မြန်မာကျပ်ငွေ၊ ပြည်တွင်း ရတနာကုန်သည် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀၊ ကုမ္ပဏီ လုပ်ငန်းဆောင်ရွက်သူ တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀၊ ကျောက်အတွဲထိန်းသိမ်း သူတစ်ဦး လျှင် ငွေကျပ် ၃၀၀၀၀နှင့် ရတနာ ဆိုင်ဝန်ထမ်း တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ကောက်ခံလျက်ရှိကြောင်း။

ပြပွဲသို့ တက်ရောက်ခွင့်လျှောက်ထားသည့် ပြည်တွင်းရတနာကုန်သည် ၂၀၀၀ ခန့်၊ ပြည်ပရတနာကုန်သည် ၂၀၀ ခန့်ရှိကြောင်းနှင့် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မဏိရတနာကျောက်စိမ်းခန်းမ ၌ သြဂုတ် ၂ ရက်မှ ၁၁ ရက်အထိ ကျင်းပ သွားဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment