Wednesday, August 2, 2017

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၃၇)ရက်မြောက်နေ့ကျင်းပ


နေပြည်တော် သြဂုတ် ၂
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(၃၇)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပရာ မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်း၏ နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများအားလုံးအား နှစ်စဉ်ဝတ်စုံစရိတ် ချီးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီး ဌာနအနေဖြင့် သာမန် အသုံးစရိတ်ခေါင်းစဉ်အောက်တွင် ၀တ်စုံစရိတ်ခေါင်း စဉ်ဖြင့် နှစ်စဉ်ထည့် သွင်း လျာထား သုံးစွဲလျက် ရှိပါ ကြောင်း။

ရုံးအကူ၊ စာပို့ဝန်ထမ်း၊ ရုံးလုလင်များ၏ အသုံးအဆောင်များအတွက် တစ်ယောက်လျှင် ငွေကျပ် နှစ်သောင်းနှုန်း သတ်မှတ်ခံစားခွင့်ပြုရန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က လမ်းညွှန်ချက်အရ ဆရာ၊ ဆရာမ ၀န်ထမ်းများကို သင့်တင့်သောထောက်ပံ့ မှုပေးရန် ညွှန်ကြားချက်ရှိသည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ နည်းပညာနှင့်သက်မွေးပညာဦးစီး ဌာနတို့တွင် ဆရာ၊ ဆရာမ စုစုပေါင်း ၃၉၆၄၄၅ ဦးရှိပါကြောင်း၊ ယခုနှစ်တွင် တစ်ဦးလျှင် ၀တ်စုံတစ်စုံအတွက် ငွေကျပ် တစ်သောင်း နှုန်းဖြင့်ထောက်ပံ့နိုင်ရေး ခွင့်ပြုရန်ပုံငွေကျပ် ၃ ဒသမ ၉၆၄ ဘီလီယံသုံးစွဲခွင့်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထားမှတ် ချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ထားပြီး ဖြစ်ပါကြောင်း၊ ခွင့်ပြုချက်ရရှိပါက လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ ၀တ်စုံစရိတ်ကိစ္စကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင်လည်း ဘဏ္ဍာငွေလျာထားဆောင်ရွက် ပေးသွား မည်ဖြစ် ပါကြောင်း ဖြေ ကြားသည်။
ထို့နောက် ဒေါက်တာဦးမောင်သင်းက ဆက်စပ်မေးခွန်းအဖြစ် သူနာပြု ဆရာမများ အတွက် တစ်နှစ်လျှင် ငွေကျပ်နှစ်သောင်းထောက်ပံ့ရန် စီစဉ်နေသည့်အတွက်ကြောင့် ပညာရေးဆရာ၊ ဆရာမများ၏ ထောက်ပံ့ကြေး ငွေကျပ်တစ်သောင်းအား ထပ်မံတိုးမြှင့် ပေးရန် အစီအစဉ် ရှိ၊ မရှိ ဆက်လက်မေးမြန်းရာ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ယခုဆောင်ရွက် ပေးနေသည့် ငွေကျပ်တစ်သောင်းမှ နှစ်သောင်းသို့ တိုးမြှင့် ဆောင်ရွက်နိုင်ရန် အတွက် ရငွေ၊ သုံးငွေ ဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ လုပ်ငန်းခွင်တွင် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရန် တက္ကသိုလ်ဝင် စာမေးပွဲရလဒ်များကို ကျား/မ တန်းတူ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များဖြစ်သည့် စီးပွားရေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ် များတွင် အမျိုး သားဦးရေ ၅၀ ရာခိုင်နှုန်း၊  အမျိုးသမီးဦးရေ ၅၀ ရာခိုင်နှုန်း အချိုးအစားဖြင့် ဆောင်ရွက်ခဲ့ ပါကြောင်း။
နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် တက္ကသိုလ်ဝင်တန်းအောင် အနိမ့်ဆုံးရမှတ် သတ်မှတ် ချက်အား အမျိုးသား၊ အမျိုးသမီး ခွဲခြားထားခြင်းမရှိဘဲ လက်ခံနိုင် သည့် ဦးရေအရ ကျား၊ မ အမှတ်တန်းတူဆောင်ရွက်ခဲ့ပါကြောင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံများသို့ တက်ရောက်နိုင်ရေးအတွက် ၀င်ခွင့်လျှောက်လွှာများခေါ်ယူရာတွင် ကျား၊ မ ခွဲခြား သတ်မှတ်ခေါ်ယူခြင်းမရှိဘဲ သချာင်္နှင့်အင်္ဂလိပ်စာ နှစ်ဘာသာ၏ စုစုပေါင်းရမှတ်အရ ရွေးချယ် ခြင်းဖြစ်ပါကြောင်း။
၂၀၁၆ ခုနှစ် ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်များသို့ အမျိုးသား ၅၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၀ ရာခိုင်နှုန်း အချိုးတူညီစွာဖြင့်လည်းကောင်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် သို့ အမျိုးသား ၆၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ သူနာပြု တက္ကသိုလ်များသို့ အမျိုးသား ၁၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၉၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်သို့ အမျိုးသား ၈၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၀ ရာခိုင်နှုန်းဖြင့် လည်းကောင်း ၀င်ခွင့်ပြုခဲ့ပြီး ဆေးဝါးတက္ကသိုလ်များနှင့် ဆေးဘက် ဆိုင်ရာနည်းပညာ တက္က သိုလ်များသို့ အမျိုးသား၊ အမျိုးသမီး အချိုးခွဲခြားမှုမရှိဘဲ ၀င်ခွင့်ပြု ခဲ့ပါကြောင်း။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွယ်တက္က သိုလ်များသို့ ၀င်ခွင့်သတ်မှတ်ရာတွင် သက်ဆိုင်ရာတက္ကသိုလ်အလိုက် အမျိုးသား၊ အမျိုးသမီး အချိုးသတ်မှတ် ထားခြင်းအား လတ်တလောတွင် ပြင်ဆင်ရန်အစီအစဉ် မရှိသေးပါကြောင်း၊ နောင်အခါတွင် အမျိုးသား ပညာရေးဥပဒေ၊ အဆင့်မြင့်ပညာရေးဥပဒေ၊ တက္ကသိုလ်အသီးသီး၏ ပဋိညာဉ် စာတမ်းများ ဆောင်ရွက်ပြီး ချိန်တွင် အမျိုးသား၊ အမျိုးသမီး အချိုးသတ်မှတ်ချက်ကို ပြန်လည်စိစစ် ဆောင်ရွက် မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှ၊ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၊ ဆီဆိုင် မဲဆန္ဒနယ်မှ ဦးခွန်သန်းထူးနှင့် လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်းတို့၏ ပန်ဆောင်မြို့ပေါ်မှ ကတ္တရာခင်းခြင်း လုပ်ငန်းအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ခြင်းမရှိ သော ကုမ္ပဏီအား အရေးယူ ပေးရေး၊ တမူးမြို့နယ် မြန်မာ-အိန္ဒိယနယ်စပ်  ကုန်သွယ်ရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး၊ ထီးအုံစောက်ရွာအတွက် သင့်လျော်သော ကျောင်း ဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရေး၊ လှိုင်သာယာ မြို့နယ် လက်မှုလုပ်ငန်း ပညာသင် ကျောင်း ပြန်လည်ဖွင့်လှစ်ပေးရေး ဆိုင်ရာ မေးခွန်း များကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းတို့ ဖြေကြားခဲ့ ကြသည်။
အစည်းအဝေးတွင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း တင်သွင်းထားသည့် “ရာသီ တုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 2009 နှင့် ပတ်သက်၍ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရန်နှင့် အသေအပျောက် နည်းပါးရေးအတွက် လူနေထူထပ်သော ကျောင်း၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံ၊ ရထား၊ ဘတ်စကား၊ သင်္ဘောဆိပ်၊ လေဆိပ်များအထိ ပညာပေးရေးလုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အရေးကြီး အဆိုနှင့်စပ်လျဉ်း၍ ရေဦး မဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်းက ထုတ်ပြန်ထားသောကူးစက် ရောဂါ ကြိုတင် ကာကွယ်ရေး နှိုးဆော် ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကူးစက်ရောဂါ ကို ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ အိန္ဒိယနှင့်ထိုင်းနိုင်ငံတွင်လည်း ယခုရောဂါဖြစ်ပွား နေပါကြောင်း၊ အခြေအနေကိုစောင့်ကြည့်နေပြီး စနစ်တကျကာကွယ်ထိန်းချုပ်ရန်လိုအပ်ပါ ကြောင်း၊ ရောဂါကူးစက်မှုအခြေအနေနှင့် ရောဂါဖြစ်ပွားမှု အခြေအနေများကို အချိန်နှင့်တစ်ပြေး ညီ ပြည်သူများသိရှိစေခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းကို ပိုမိုထိရောက်စေမည်ဖြစ်ပါ ကြောင်း ဆွေးနွေးသည်။
မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော်က ယခုကိစ္စတွင် ကူးစက်ခံလူနာ၊ ပြုစုသူမိသားစုဝင်၊ ကုသသူကျန်းမာရေးဝန်ထမ်းတစ်ဦးချင်းစီကို ကာကွယ်ကုသရန် လိုအပ်ပါ ကြောင်း၊ တစ်နိုင်ငံလုံးကိုလည်း ခြုံငုံကြည့်ကာ ဟန်ချက်ညီညီ စီမံရန်လိုပါကြောင်း ဆွေးနွေး သည်။
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးစိုင်းအိုက်လှက H1N1 ကာကွယ်ရေးနှင့်ပတ်သတ်ပြီး WHO ၏သတ်မှတ်ချက်အရ ကူးစက်မှု Phase ၆ခု ရှိသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းပြည်ပ ကျွမ်းကျင် ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး အကောင်းဆုံး ကာကွယ်ထိန်းချုပ်ခြင်းနည်းလမ်းများကို ဆောင်ရွက်သင့်ပါကြောင်း၊ ကုသမှုဆေးဝါး များဖြစ် သည့် Oseltamivir(Tamiflu)နှင့် Zanamivir (Relenza)ဆေးတို့ကိုလည်း နိုင်ငံတော်အနေဖြင့် လုံလောက် စွာ သိုလှောင်ထားရှိသင့်ပြီး လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၊ ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ရွှေပုံ၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ ဖွာပွန်မဲဆန္ဒ နယ်မှ ဦးစောထွန်းမြအောင်၊ နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှ၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်အေဇင်လတ်၊ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်း၊ တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စိုင်းအိုက်လှတို့ကလည်း အရေးကြီးအဆိုနှင့်စပ် လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေးက H1N1 နှင့်ပတ်သက်၍ ယနေ့နံနက်အထိ သေဆုံးသူ ၁၃ ယောက်ရှိပါကြောင်း၊ ထိန်းမနိုင် သိမ်းမရ အခြေအနေ မဟုတ်ပါကြောင်း၊ ပြန့်ပွားမှုမရှိစေရေး အတွက် အထူးကြပ်မတ်ကုသဆောင်များတွင် ကုသပေးလျက်ရှိပါကြောင်း၊ ရောဂါစတင်ဖြစ် ပွားချိန်မှ ယခုအချိန်အထိ ကုသပေးနေသည့် ဆရာဝန်ကြီး များ၊ သူနာပြုများ ရောဂါကူး စက်ခံရမှု မရှိပါကြောင်း၊ ကူးစက်ခံရမှုမရှိသော်လည်း ကုသရေးလုပ်ငန်းများကို သေသေချာချာ ဆောင်ရွက်နေပါကြောင်း၊
ရောဂါကူးစက်ခံရသည့် လူနာ၏ နေအိမ်သို့ ချက်ချင်းသွားရောက်၍ မိသားစုဝင်များကို ပညာပေးခြင်း၊ စောင့်ကြည့်ခြင်းများ ဆောင်ရွက်နေပါကြောင်း၊  ရောဂါကူးစက်ခံရသည့် လူနာ ဆေးရုံသို့ နောက်ကျမှ ရောက်လျှင် အသက်ဆုံးရှုံးရန် အခွင့်အလမ်းပိုများပါကြောင်း၊ ထို့ကြောင့် ပြည်သူကို ပညာပေးရ မည်ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပြီဆိုလျှင် ဆေးရုံကိုချက်ချင်းသွားရ မည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများကို ယခင်ကလည်း ဆောင်ရွက်နေသလို ဆက်လက်ပြီး လည်း ဆောင်ရွက်ရန်လည်း လုပ်ငန်းရမည့် လုပ်ငန်းစဉ်များ ရှိသည့်အတွက် အဆိုကို မှတ်တမ်း တင်သင့်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းအရေးကြီးအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်သည်။
ယနေ့အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည် ပေးပို့ သော “တူးမြောင်း ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို လွှတ်တော်သို့တင်ပြခြင်းနှင့် လွှတ်တော် ၏ အဆုံးအဖြတ်ရယူခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ သည်။

ကျော်သူထက်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment