Thursday, August 17, 2017

မြန်မာနိုင်ငံဆိုင်ရာ မက္ကဆီကို ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံး ဖွင့်ပွဲကျင်းပ


ရန်ကုန် သြဂုတ် ၁

မြန်မာနိုင်ငံဆိုင်ရာ မက္ကဆီကိုဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်း Maha Land Business Centre ရှိ အမှတ်(၅၆) ၅-လွှာ၌ ကျင်းပသည်။


ရှေးဦးစွာ နိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော် ဇေယျနှင့် စင်ကာပူနိုင်ငံ အခြေစိုက် မက္ကဆီကိုသံရုံးမှ သံအမတ်ကြီး H.E. Mr. Nathan Wolf တို့က   အမှာစကား ပြောကြားကြသည်။

ထို့နောက် သံအမတ်ကြီး H.E. Mr. Nathan Wolf နှင့် မက္ကဆီကို ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဦးစစ်တိုင်းအောင် တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ကောင်စစ်ဝန်ရုံး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ညပိုင်းတွင်   မြန်မာနိုင်ငံဆိုင်ရာ မက္ကဆီကို ဂုဏ်ထူး ဆောင်ကောင်စစ်ဝန်ရုံးဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်း အနားကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ Melia Yangon Hotel ၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန မဟာဗျူဟာလေ့လာ ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး၊ သံအမတ်ကြီး H.E. Mr. Nathan Wolf နှင့် မက္ကဆီကို ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ဦးစစ်တိုင်းအောင်တို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် သံအမတ်ကြီး H.E. Mr. Nathan Wolf က ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး တို့အား အမှတ်တရ လက်ဆောင်ပေး အပ်သည်။

မြန်မာနိုင်ငံနှင့် မက္ကဆီကို နိုင်ငံတို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ကို ၁၉၇၆ခုနှစ်မှ စတင် ခဲ့ကြောင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး လုပ်ငန်းများ တိုးမြှင့်ရန်အပြင် မြန်မာနိုင်ငံရှိ မက္ကဆီကို နိုင်ငံသားများကို ကူညီ စောင့်ရှောက်ပေးရန်နှင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် ကြသည့် မက္ကဆီကို နိုင်ငံသားများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် အတွက် မြန်မာနိုင်ငံဆိုင်ရာ မက္ကဆီကို ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)

No comments:

Post a Comment