နေပြည်တော် သြဂုတ် ၁၇
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့
နံနက်(၁၀) နာရီခွဲတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
သံအမတ်ကြီး မစ္စတာ ဟုန်လျန်အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ်
စိုက်ပျိုးရေး ထွက်ကုန်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ထွက်ကုန်များ တရုတ်ဈေးကွက် တင်ပို့နိုင်ရေး
ကိစ္စရပ်များကို လည်းကောင်း၊ ဧရာဝတီမြစ်ရေ စီမံခန့်ခွဲမှု စီမံကိန်း ၊ ဧရာဝတီမြစ်ဝှမ်း
ဒေသတစ်လျှောက် ရေကြီးရေလျှံမှု ထိန်းသိမ်း ကာကွယ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့်
ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ဧရာဝတီ မြစ်ရေကို ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့်
စနစ်တကျ သုံးစွဲနိုင်ရေးတို့တွင် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊
ရေဘေး ဒဏ်ခံ တာများနှင့် ရေထိန်း တံခါးများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊
စိုက်ပျိုးရေး ထွက်ကုန် သီးနှံများ အရည်အသွေးမြှင့်တင် ထိန်းချုပ်ရေး၊ သီးနှံပိုးမွှားရောဂါ
ထိန်းသိမ်းရေး၊ တိရစ္ဆာန် ရောဂါ ဓါတ်ခွဲရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် တိရစ္ဆာန်နှင့်
တိရစ္ဆာန် ထွက်ပစ္စည်းများ အရည်အသွေးမြင့် ထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ် များကို လည်းကောင်း
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment