Thursday, August 17, 2017

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး အား နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်ခံတွေ့ဆုံ


 နေပြည်တော် သြဂုတ် ၁၇

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေများနှင့် မြန်မာ- EU ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဦးခင်မောင်တင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment