Wednesday, August 16, 2017

ပြည်​​ထောင်​စုဝန်​ကြီးများ ရခိုင်​ပြည်​နယ်​ဖွံ့ဖြိုး​ရေး လုပ်​ငန်းများကြည့်​ရှုစစ်​​ဆေး၊ သံတွဲမြို့ မြို့မိမြို့ဖများနှင့်​​တွေ့ဆုံ

သံတွဲ သြဂုတ် ၁၆
ရခိုင်ပြည်နယ်ရောက်ရှိနေသော နယ်စပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ ပြည်​​ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ သံတွဲမြို့သို့သွားရောက်ပြီး နယ်စပ်​​ရေးရာဝန်ကြီးဌာနက အကောင်အထည်​​ဖော်တည်​​ဆောက်လျက်ရှိသည့် ခရမ်မော်​​လျိုပိတ်ဆည်ကို သွားရောက်ကြည့်ရှုစစ်​​ဆေးကြသည်
ဆက်လက်၍ သံတွဲခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးကုသမှုခံယူနေသည့် လူနာများကို ကြည့်ရှုအားပေးကာ ဆေးရုံတိုးချဲ့ တည်​​ဆောက်​​ရေး အစီအမံ များကို ဆေးရုံတာဝန်ရှိသူများနှင် ဆွေးနွေးညှိနှိုင်းကြသည်
မွန်းလွဲပိုင်းတွင် သံတွဲခရိုင် အဏ္ဏ၀ါဧည့်ရိပ်သာ၌ မြို့မိမြို့ဖများနှင်တွေ့ဆုံသည်တွေ့ဆုံပွဲတွင် ပြည်​​ထောင်စုဝန်ကြီးများက ပြည်​​ထောင်စုအစိုးရသည် ရခိုင်ပြည်နယ်ရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်​​အေးချမ်ရေးသည်ရေးပါကြောင်းနှင့် တည်ငြိမ်​​အေးချမ်းမှသာလျှင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်​​ကြောင်ပြောကြားကြသည်
သံတွဲမြို့ မြို့မိမြို့ဖများက စာသင်ကျောင်းဆောင်များ ပြုပြင်တည်ဆောက်ရေး၊ ငပလီ၌ ဆေးရုံတည်ဆောက်ပေးရေး နှင့် လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီးများ ပြန်လည်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။

သတင်းနှင့် ဓာတ်ပုံ အေ၀မ်းစိုး၊ မျိုးသူဟိန်း

No comments:

Post a Comment