နေပြည်တော်၊
သြဂုတ် ၂၂
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ
တရုတ်သံအမတ်ကြီး H.E.Mr. Hong Liang အား ယနေ့နံနက် ၉ နာရီခွဲတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ
နယ်သာလန်သံအမတ်ကြီး H.E.Mr. Wouter Jurgens အား နံနက် ၁၀ နာရီခွဲတွင် လည်းကောင်း နေပြည်တော်ရှိ
လွှတ်တော်ရေးရာဆောင် အမှတ် (I-11) ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး
ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင် အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊
စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးနိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ
ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး
တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးကြသည်။
နယ်သာလန်သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ဥပဒေဆိုင်ရာကိစ္စရပ်များ၊
နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်မည့် အခြေအနေများ၊ နည်းပညာအသုံးပြုကာ ဒီမိုကရေစီ
ပိုမိုဖြစ်ထွန်းရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နယ်သာလန်နိုင်ငံမှပေးအပ်နိုင်မည့်
နည်းပညာအကူအညီများ၊ ဥပဒေပြု လုပ်ငန်းများတွင် ပြည်သူများ ပိုမိုပါဝင် လာနိုင်ရေးအတွက်
ဆောင်ရွက်နိုင်မည့်အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


No comments:
Post a Comment